မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

”ဖွားဖွား တို့မိသားစုက ထားခဲ့နိုင်ပေမယ့် ကျနော်တို့ ရဲဘော်တွေက မထားခဲ့နိုင်ပါဘူး” လို့ ရေးသားကာ ရုပ်သံဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

အဘွားအိုရဲ့ မိသားစုနဲ့ ဆက်သွယ်ပေးဖို့ ပြောဆိုနေကြပြီး ”‌ေ-ွးတွေ (စစ်အုပ်စု) လာနေလို့ ဘွားဘွား”ဟုဆိုကာ အဘွားအိုကို ကယ်ထုတ်သွားဖို့ ကြိုးစားနေကြတာကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။

Video-Hein Htet
0 Shares:
You May Also Like
Read More

မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ခမရ ၅၄၀ တပ်ရင်းမှူး ဇနီးဖြစ်သူ ဒေါ်မေသူဝင်းမှာ AA အား ကျေးဇူးတင်စကားပြောကြား (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၈၄ ယောက်ကို အာရက္ခတပ်တော် (AA)က အခမ်းအနားနဲ့တကွ ပြန်လွှတ်ပေးခဲ့ပြီး လမ်းစရိတ် ၃ သိန်းစီး ထောက်ပံ့ကာ လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆို (ရုပ်/သံ)

နေရပ်ပြန်လာကြတဲ့ သပိတ်ကျင်း PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုနေတဲ့ ရုပ်သံဖိုင်ကို သပိတ်ကျင်းမြို့နယ်  ပ.က.ဖ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

သိမ်းပိုက်ခဲ့ပြီးဖြစ်တဲ့ ဖလမ်းမြို့ ခလရ-၂၆၈ စခန်းကုန်းကို ဗျူဟာကျ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် CNDF ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၈ တပ်ကုန်းကို တော်လှန်ရေးရဲဘော်တွေ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Chin National Defense Force မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက ဆက်သွယ်ရေးမြောင်နဲ့ ဗုံးခိုကျင်း အများအပြား တူးကာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအနီး ချည်းကပ်နေကြတာကို တွေ့မြင်ရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။