မကွေးတိုင်း၊ မင်းဘူး (စကု)မြို့နယ်၊ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ယောက် သေပြီး တပ်ကြပ်ကြီးအပါအဝင် အများအပြား ဒဏ်ရာရသွားကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၃ရက်နေ့ကစလို့ အင်အား ၁၂၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မန်းချောင်းအနောက်ဘက်ရှိ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးကာ ဒီဇင်ဘာ ၄ရက်မှာ ရွှေကြောင်းရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်ကို ပစ်သတ်ကာ လူငယ်တစ်ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၅ရက်နေ့မှာလည်း အဆိုပါ စစ်ကြောင်းက ကူရွာက အသတ် ၅၀ ခန့်အရွယ် အမျိုးသား တစ်ယောက်ကို ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီနေ့ ဒီဇင်ဘာ ၅ရက် နေ့လယ်ပိုင်းမှာပဲ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေက အကြမ်းဖက်စစ်ကြောင်းကို ကုတင်ကုန်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ယောက် သေဆုံးကာ တပ်ကြပ်ကြီး ၁ယောက် အပါအဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်တပ်က ကုတင်ကုန်းရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်လို့ နေအိမ်တချို့ ပျက်စီးခဲ့ပြီး ပြည်သူ ၂ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့မှာလည်း အဆိုပါ အကြမ်းဖက်စစ်ကြောင်း လက်ပတောရွာ ရဲစခန်းကို ရောက်လာချိန် မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း၊ မဟာမိတ်အဖွဲ့တွေနဲ့ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူး ပကဖ) တို့က ဒရုန်းဗုံးသီး ၆လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၄ယောက် ထပ်မံ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထိတွေ့တိုက်ပွဲတွေ ရှိနေတာကြောင့် မင်းဘူး (စကု) မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံကြောင်းလည်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြွန်တန်ဆာမြို့ အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ မြို့မအုပ်ချုပ်ရေးမှူး ဖြစ်သလို ပျူခေါင်းဆောင် လည်းဖြစ်တဲ့ ဦးလှသောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ 9 Stars Underground Force , Bago Region တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကလေး-ကဘော်-ဂန့်ဂေါ လမ်းပိုင်း၌ ထိတွေ့တိုက်ပွဲ ၄ လ အတွင်း CDF-KKG မှ တပ်စိတ်မှူးအပါ တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့

စစ်ကိုင်းနဲ့ မကွေးတိုင်းထိစပ်ရာ ကလေး-ကဘော်-ဂန့်​ဂေါလမ်းပိုင်း အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ တပ်စိတ်မှူး အပါအဝင် CDF -KKG က တပ်ဖွဲ့ဝင် ၁၂ ယောက် ကျဆုံးခဲ့ရ တယ်လို့  Chinland Defense Force Kalay-Kabaw-Gangaw သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။