စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ကျောင်းသားတော်လှန်ရေးတပ်စခန်း ရှိမယ်လို့ ယူဆတဲ့ နေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၈ ရက် ဒီနေ့လယ် ၁၂ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၃စီး၊ ဂျိုင်ရိုကော်ပါတာ ၁စီးကို သုံးကာ တော်လှန်ရေးတပ်စခန်းရှိမယ်ထင်တဲ့ နေရာတဝိုက်ကို ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းရှိမယ်ထင်တဲ့နေရာတွေ လိုက်ပြီးချတာ။ ထူးထွေတော့ ဘာမှမဖြစ်ဘူး။ တဲတစ်လုံးပဲ ထိသွားတယ်။ လိုင်းပေါ်မှာ ကျနော်တွေ့တယ်။ ကာကွယ်ရေးရဲဘော် ၁၀ ယောက်ထိတာတို့၊ ရွာထဲက ဒေသခံတွေ ထိတာတို့ မဟုတ်ဘူး။ အဲဒါ အလကားပါ။ သူတို့ကြဲသွားတာ တောတွေကို ပစ်သွားတာ၊ ရွာကို မပစ်ဘူး” လို့ ကျောင်းသားတော်လှန်ရေးတပ် Student’s Revolution Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ပုံစာ – Student’s Revolution Force တပ်ဖွဲ့ဝင်များ

အခုလို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်တာမျိုး၊ စခန်းကနေ ရှောင်တိမ်းနေထိုင်တာမျိုး မရှိပေမယ့် သတိနဲ့ နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။

“သူတို့ဘာကြောင့်လာကြဲလဲ ဆိုတာတော့ ကျနော်လည်း မသိဘူး။ သူများတွေဆီကိုလည်း ဒီလိုပဲ သူတို့က လိုက်ကြဲနေတာ။ လက်ရှိမှာတော့ ရှောင်တိမ်းတာမျိုးတော့ မရှိသေးဘူး။ တခူးလတုန်းကတော့ ကျနော်တို့ ဒီနားက နီးစပ်တဲ့ ရွာတစ်ရွာကို ၄ရက်ဆက် တိုက်သေးတယ်။ အဲ့တုန်းကလည်း ဗုံးတစ်ခါ ကြဲသေးတယ်” လို့ အထက်ပါ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလားတူ ဒီမနက် ၁၀ နာရီလောက်မှာလည်း အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာနားမှာရှိတဲ့ ABSDF ရှေ့တန်းကာကင်းစခန်းတစ်ခုကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး ပိုမိုထိရောက် အားကောင်းစေဖို့ MLA နဲ့ အလုံးစုံ ပူးပေါင်းလိုက်တဲ့ MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေအတွက် ကျိန်စာမဖြစ်စေဖို့ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် ပြောကြား

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့အတူ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပို့နိုင်တဲ့ သယံဇာတကျိန်စာ မဖြစ်ပေါ်စေဖို့အတွက် သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။