ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာထဲကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၇ရက် မနေ့ည ၁၀ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မလောင်ရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ယောက်ထဲက ၃ယောက် သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ညကပစ်တာ.. ဒရုန်းလည်းချတယ်။ လက်နက်ကြီးလည်း ချတယ်။ ဗျူဟာကုန်းကနေ လက်နက်ကြီးကလည်း ၄/၅/၆ လုံးလောက် ပစ်တယ်။ မိသားစုတစ်စုမှာ လင်မယား ၂ဦးနဲ့ သူတို့ ကလေးတစ်ဦး သေဆုံးတယ်။ လသားအရွယ် သူတို့ကလေးကတော့ မထိခိုက်လိုက်ဘူး။ လွတ်သွားတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပြပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ် ၂လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။ အကြမ်းဖက်စစ်တပ်ဟာ ထိတွေ့တိုက်ပွဲမရှိဘဲ အခုလို လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်နေတာ ၁ပတ်ဝန်းကျင်လောက်ရှိပြီလို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“ထိတွေ့မှုမရှိဘဲ အဲ့အတိုင်းပစ်နေတာ ၁ပတ်ဝန်းကျင်ရှိပြီ။ သူတို့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာကနေ လှမ်းပြီးတော့ ရန်စနေတဲ့ သဘောပေါ့လေ။ အဲ့လိုလုပ်နေတာ။ တခြားနေရာတွေ တောထဲကျရင် ကိစ္စမရှိဘူး။ အရပ်သားနေအိမ်ကို ပစ်တာဆိုတော့လေ..”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ဖားကန့်ဗျူဟာကုန်းနဲ့ ဖားကန့် မရှီကထောင်ရပ်ကွက် ရခိုင်ကုန်းမှာ တပ်စွားထားတဲ့ အကြမ်းဖက်စစ်တပ်က ဆိပ်မူကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်ခဲ့တာကြောင့် ၂နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး ၄ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုအတွင်း ကျန်ရစ်ခဲ့သည့် ကလေးငယ်နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမြင်ကွင်း
0 Shares:
You May Also Like
Read More

ထီးလင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ နိုင်ငံရဲ့ တော်လှန်ရေးသမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းလုံးကြီးဖြစ်တယ်လို့ NUG ယာယီသမ္မတ ပြော

လက်ရှိနွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

တည်ငြိမ်အေးချမ်းသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များ ဖျက်ဆီးတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင် စွပ်စွဲ

တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။