ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ရင်း နွေဦးတော်လှန်ရေး ပြည်သူ့ခုံခံတော်လှန်တိုက်ပွဲကြီးတွေမှာ တအာင်းလူမျိုးတို့ရဲ့ ရဲစွမ်းသတ္တိကို မြင်တွေ့ရတာကြောင့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးဖြစ်တယ်လို့ ၂၇၁၇ နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပါတယ်။

တအာင်းလူမျိုးတွေဟာ တန်ဖိုးဖြတ်မရနိုင်တဲ့ ရိုးရာဓလေ့ထုံးတမ်း သမိုင်းအစဉ်အလာကောင်းတွေကို မျိုးဆက်တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းထိန်းသိမ်းလာသလို စစ်အာဏာရှင်စနစ်ဆိုးကိုလည်း တော်လှန်တိုက်လျက်ရှိကာ ဇာတိသွေး၊ ဇာတိမာန်ဂုဏ်ရှည်တို့ကို ပြသနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်သူ့ခုခံတော်လှန်တိုက်ပွဲကြီးမှာလည်း တအာင်းလူမျိုးတို့ရဲ့ ရဲစွမ်းသတ္တိကို သိမြင်နိုင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်စွာ ဂုဏ်ပြုလိုတယ်လို့ ပြောပါတယ်။

“၂၇၁၇ နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့မှာ ပြည်တွင်းပြည်ပမှာရှိတဲ့ တအာင်းတိုင်းရင်းသားတွေအားလုံး ဘေးမခအေးမြ၊ ကျန်းမာရွှင်လန်းပါကြောင်းနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ခရီးလမ်းမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုအစရှိတဲ့ ဒီမိုကရေစီစံနှုန်းတွေ ပြည့်ဝရန် ညီနောင်သားချင်း တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ အတူတကွ ကြိုးစားသွားစေရန် နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းပါတယ်“ လို့ သဝဏ်လွှာမှာ ပါဝင်ပါတယ်။
ဒါ့အပြင် အခုလမှာ ပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ အာဏာရှင်တို့ သက်တမ်းတိုးတဲ့ အာဏာရှင်ရွေးချယ်ပွဲလို့ သိရှိထားပြီး ကန့်ကွက်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆိုပါတယ်။

တအာင်းပြည်သူတစ်ရပ်လုံးဟာ ခံယူချက်ပြင်းထန်စွာနဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဒီနေ့အထိ တော်လှန်တိုက်ပွဲဝင်လျက် စုပေါင်းအားကို မှတ်ကျောက်တင်နိုင်တဲ့အထိ ဦးဆောင်ဦးရွက်ပြုကာ ကြိုးစားနေကြဆဲဖြစ်တယ်လို့ ဂုဏ်ပြုသဝဏ်လွှာမှာ ရေးသားထားပါတယ်။

အလားတူ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO/ KIA) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း တအာင်းနှစ်သစ်ကူးနေ့မှာ ပျော်ရွှင်ကြစေဖို့ ဆုတောင်းပြုထားပါတယ်။

ပုံစာ – နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာ ၆ ရက်နေ့ ကျင်းပခဲ့သည့် ၂၇၁၇ နှစ်ပြည့် တအာင်းနှစ်သစ်ကူးပွဲတော်ပုံရိပ်
ဓာတ်ပုံ – PSLF/ TNLA
0 Shares:
You May Also Like
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

KNU မူတြော်ခရိုင်တွင် စစ်မှုထမ်းဆင်း စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်က ၁ ဦးသေပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက် ၆ လက် သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။