စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးအသိရှိကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပုံတောင် TIGER PDF မှ အသိပေးထားပါတယ်။

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကင်းထောက်ဒရုန်းများ၊multirotor ဒရုန်းများနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကို အချိန်မရွေးပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ် ဆောင်လာနိုင်တဲ့အတွက် စစ်ရေးအသိထူးရှိကြဖို့ အသိပေးထားပါတယ်။

Video-ပုံတောင် TIGER PDF

0 Shares:
You May Also Like
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာ ပကဖ နှင့် Yangon Federal Army – YFA ပူးပေါင်းပြီး လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာသင်တန်းဖွင့် (ရုပ်/သံ)

ရွှေပြည်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Yangon Federal Army - YFA တို့ ပူးပေါင်းပြီး တိုင်းရင်းသားနယ်မြေ တစ်နေရာမှာ ၂/၂၀၂၄ အပတ်စဉ် အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဗောဓိတစ်ထောင်လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 Local People Defense Force Monywa က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီကြဖို့ ပိုင်ဖြိုးသု တိုက်တွန်း (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ ကျောင်းတွေတည်‌ဆောက်နိုင်ရေး အားလုံးဝိုင်းဝန်းကူညီကြဖို့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုက တိုက်တွန်းလိုက်ပါတယ်။
Read More

သိမ်ဇရပ်မြို့နယ် စစ်ကောင်စီတပ်စခန်းများကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်ရှိ ၃၁၀ တပ်ရင်းအမြောက်တပ်၊ ဗဟိုကင်းနဲ့ လူပျိုဘားတိုက်တွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညပိုင်းက မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖထံက သိရပါတယ်။
Read More

အဓမ္မစစ်မှုထမ်းရသူတွေကို ဘက်ပြောင်းဖို့ ကရင်နီရဲဘော်တွေ ရှေ့တန်းစစ်မြေပြင်မှာ အနီးကပ် ခေါ်ယူညှိနှိုင်း၊ “မတိုက်ဘဲနဲ့ လျော့သွားတဲ့ ရန်သူကို လိုချင်တယ်”(ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီရဲဘော်တွေ မီတာ ၁၀၀ ခန့်အကွာ ထိတွေ့မှုတွေ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။