မကွေးတိုင်း၊ အမ်း-ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းရွာအနီးမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၁ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၄ ယောက်ဟာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ထံ ချိတ်ဆက် အလင်းဝင်လာခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီဇင်ဘာ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

PRA-Magway လှုပ်ရှားနေတဲ့ စစ်ဆင်ရေးနယ်မြေထဲမှာ တာဝန်ကျရင်း အလင်းဝင်လာတဲ့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကော်မရှင် လက်လွှတ်လိုက်ရတဲ့ ဂွမြို့နယ်အခြေစိုက် ခမရ (၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သားတွေထံက MA1 သေနတ် (၁) လက်၊ MA2 (၁) လက်၊ MA3 (၂)လက်နဲ့ တခြား ခဲယမ်းတချို့ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နတ်ရေကန်တောင်နဲ့ အမ်း-ပဒါန်းလမ်းပိုင်း တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်သား ၃ယောက်ကိုလည်း ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သေးတယ်လို့ PRA-Magway က ဆိုပါတယ်။ သူတို့ထဲက ၂ယောက်ဟာ ခလရ (၂၉၅) တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နောက်တစ်ယောက်ကတော့ တပ်မ (၆၆) လက်အောက်ခံ သာယာဝတီအခြေစိုက် ခလရ (၃၅) က ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ အဆိုပါ စစ်ကော်မရှင်တပ်သား ၃ယောက်ဟာ အတင်းအဓမ္မပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေဖြစ်ပြီး လက်ရှိမှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် PRA-Magway အနေနဲ့ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေကို မျက်ခြေမပြတ်စေဘဲ စစ်ရေးရည်မှန်းချက် အောင်မြင်စေဖို့အတွက် ဒေသတွင်းမဟာမိတ်တွေနဲ့ ချိတ်ဆက်ကာ တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ပေါက်ခေါင်းတွင် မင်္ဂလာဆောင် နေအိမ်ကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာမှာ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ဝမ်းတွင်းတွင် သေဆုံးသူ ၃၀ဦးအထက်ရှိလာပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၀ ကျော်ရှိဟု ဆို

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ထိခိုက်ပျက်စီးကာ ကလေးငယ်နဲ့ သံဃာတော်များ အပါအဝင် သေဆုံးသူ ၃၀ ကျော်အထိ ရှိတယ်လို့ Voice of Wundwin တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။