တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ဒီဇင်ဘာလ ၇ရက် မနေ့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ “နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ” ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်တဲ့ “စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဖာဂျုး၊ ဂွမ်ဂျုး၊ ဖိုချွန်း ၊ဂင်ဖို၊ ဂူမီ၊ ဂင်မဲ၊ ဘူဆန်၊ ဂေါ်ဂျယ်၊ ဒယ်ဂျွန်၊ ချွန်းနန်း၊ ဖျောင်းထက်၊ အန်ဆန်း အစရှိတဲ့ မြို့အသီးသီးက တော်လှန်ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ ၃၀၀ကျော် အတူတကွ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

“စစ်အုပ်စုက ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကန့်ကွက် ရှုတ်ချပါတယ်။ စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ တော်လှန်ရေးက ဆက်ချနေမှာဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူး ကိုလင်းအိမ်က မောင်းကိုပြောပါတယ်။
ဆန္ဒပြပွဲမှာ NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောခဲ့ပြီး MFDMC ဒုဥက္ကဌ ဦးဘုန်းနိုင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဌ ဦးဝင်းပေါ်မောင်တို့ကလည်း တော်လှန်ရေးအားပေးစကားတွေနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာတွေကို ပြောကြားခဲ့သလို ရွေးကောက်ပွဲဆန့်ကျင်ရေး ကြွေးကြော်သံတွေ၊ တော်လှန်ရေးကဗျာကဏ္ဍ၊ တော်လှန်ရေး ရင်ဖွင့်စကားကဏ္ဍ၊ တေးသီကဏ္ဍတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် MFDMC နဲ့ တော်လှန်ရေးအဖွဲ့အစည်း တော်လှန်လူငယ်တွေက “မြန်မာပြည်သူလူထုတရပ်လုံးက အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအား နည်းလမ်းပေါင်းစုံဖြင့် လုံးဝဆန့်ကျင် ကန့်ကွက် တိုက်ဖျက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း” ထုတ်ပြန်စာကို မြန်မာ- ကိုရီးယား နှစ်ဘာသာနဲ့ ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုးရီးယား အစိုးရနဲ့ ပြည်သူတွေအနေနဲ့လည်း မြန်မာစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးဖို့၊ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်၊ ဘယ်လိုအစိုးရကိုမှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်ဖို့ ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

နောက်ရွေးကောက်ပွဲများလည်း လေ့လာစောင့်ကြည့်ဦးမည်ဟု ထိုင်း ‌ပြော 

ထိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးကို လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံ တက်ကြွစွာ အားပေးကူညီနေဟု Justice For Myanmar ထုတ်ပြန်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။