အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်တွေအတွက် ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးနဲ့ ပဲခူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော် စံလင်းတို့က အလှူရှင်တွေကိုယ်စား ရှေ့တန်းစစ်မြေပြင်ကို သွားရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကူညီထောက်ပံ့ပေးကြတဲ့ နိုင်ငံတကာရောက် တော်လှန်ပြည်သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာအရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ရက်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

"စကစ က တိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ ဆက်တိုက်ဖြစ်နေတာ ၂ရက် ၃ရက် ရှိပြီ။ ဒီနေ့အထိပဲ။ လေယာဥ်တွေကလည်း Y12 လာလိုက်၊ ဖိုက်တာလာလိုက်နဲ့ ပြည်သူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေပြီ" လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မြောက်ဒဂုံ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး လက်ပစ်ဗုံး ၂ လုံးစီ ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခရီးသည်တင်ယာဥ်ပေါ်မှ ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူ ၃ ဦးကို စစ်ကော်မရှင် ပေါ်တာဆွဲဖမ်းဆီး

ရန်ကုန် − စလင်း − ဆင်ဖြူကျွန်းဘက်ကို ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူ ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို နိုင်ငံရေးအာဏာ အကန့်အသတ်မရှိ ပေးအပ်လိမ့်မည်ဟု KNU ဥက္ကဋ္ဌ ပြော

စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အာဏာသိမ်းကာလ ၅နှစ်နီးပါးရောက်ရှိနေချိန် ပြည်သူတွေရဲ့ရင်မှာ အားကောင်းနေဆဲဖြစ်တဲ့ Boycott

၅နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးခရီးအတွင်း လက်ရှိအချိန်ဟာ အခက်ခဲဆုံးဆိုတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပေမယ့် ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကတော့ မပြောင်းမလဲ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မတတ်သာလို့နေရပေမယ့် ပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်က ရသလောက် အာဏာရှင်တော်လှန်ရေးမှာ ရပ်တည်နေကြတယ်ဆိုတာကို ဆက်လက်အားကောင်းနေဆဲဖြစ်တဲ့ ပြည်သူတွေရဲ့ Boycott လုပ်ဆောင်ချက်တွေနဲ့ အတိုင်းသား ချိန်ထိုးကြည့်လို့ရနိုင်ပါတယ်။