ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျေးရွာအတွင်းကို မြန်မာဘက်ခြမ်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ရုပ်သံဖိုင်ကို ထိုင်းမီဒီယာတွေ ဖော်ပြလာပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ဒီဇင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ဟာ ကျေးရွာဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇင်ဘာ ၁ ရက်နေ့ ညပိုင်းကလည်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်တဲ့ ကျည်မှန်ကာ အသက် (၆၇) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးတစ်ဦး ဘယ်ဘက်ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၆ ရက်မှာတော့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က မြန်မာဘက်ကနေ လက်နတ်ကျည်များ ထိုင်းနိုင်ငံ နယ်နမိတ်အတွင်း ကျရောက်ပါက အင်အားသုံးမှု စည်း မျဉ်းများအတိုင်း လုပ်ဆောင်သွားမယ်လို့ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က သတိပေးပြောကြားလိုက်ပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာကိစ္စ လွှတ်တော်မှာ ဆွေးနွေးမယ်

တောင်ကိုရီးယားနိုင်ငံ၊ လွှတ်တော်အစည်းအဝေးခန်းမမှာ "ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက် " ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးပါ မော်တော်ကား ထိုင်းရဲ လိုက်ဖမ်းချိန် မြစ်ထဲ ထိုးကျပြီး အဖမ်းခံရ…

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဥ် ၁ စီး ထိုင်းရဲ လိုက်ဖမ်းချိန် မောင်းပြေးရာက မြစ်ထဲကျပြီး ကားပေါ်ပါလာသူတွေ ဖမ်းဆီးခံရတယ်လို့ Khaosod သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၆၀ ကျော် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရမှုကို NUG အလုပ်သမားရေးဝန်ကြီးဌာန အမှုဖွင့်တိုင်ကြား…

ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့ရှိ ပါကေးစက်ရုံမှာ မြန်မာလုပ်သား အယောက် ၆၀ ကျော် နစ်နာကြေးမရရှိဘဲ အလုပ်ကနေ မတရားထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။