အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။

တပ်ရင်းစခန်းမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ စစ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းစစ်ကြောင်းက စစ်ရေးပြကာ ဖွင့်လှစ်ပေးခဲ့ပြီး အလံတော်လေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာအဓိဌာန် ၄ချက် ရွတ်ဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ စစ်မေတွေရဲ့ ဖျော်ဖြေရေးအစီအစဥ်တွေ၊ အားကစားပြိုင်ပွဲတွေ ပါဝင်ခဲ့သလို ထူးချွန်ဆုရ သင်တန်းသားတွေကိုလည်း ဆုတွေပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ဖမ်းမိခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းကို သိန်း ၅၀၀ လက်ခံပြီး ပြန်လွှတ်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးဟောင်း ၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမိပြီးနောက် ကျပ်ငွေသိန်း ၅၀၀ လက်ခံကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်လာပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားအား ဝေဖန်သည့်ပို့စ်များအပေါ် ထောက်ခံသည်ဆိုကာ စစ်အုပ်စုက ဒါရိုက်တာ ၂ဦးအား ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
Read More

ရေးအခြေစိုက် ခလရ (၂၉၉) တပ်ရင်းမှ စစ်သားနှစ်ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။