မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာမှာရှိတဲ့ စစ်တပ်လက်ဝေခံ ပျူစောထီးစခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၄ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက် ဒီမနက် ၁၁ နာရီဝန်းကျင်အချိန်မှာ အင်အား ၇၀ ဝန်းကျင်ရှိနေတဲ့ အဆိုပါ ပျူစောထီးစခန်းကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် လင်းဦးရဲ့ ဒဏ်ရာက မပြင်းထန်ပေမယ့် ပထမအကြိမ် တိုက်ခိုက်တုန်းက ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာတောင် မကောင်းမွန်သေးဘဲ ပတ်တီးစည်းထားတာကို တွေ့ခဲ့ရပြီး အခုတစ်ကြိမ်မှာလည်း သေနတ်ဒဏ်ရာ ထပ်မံ ရရှိသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် လင်းဦးကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးသွားပြီလို့တောင် သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပျူခေါင်းဆောင် လင်းဦးဟာ ဗိုလ်ကြီးအဆင့် တပ်ထွက်တစ်ယောက်ဖြစ်ပြီး အာယုတောင်-ရေး လမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးလေ့ရှိကာ စစ်တပ်အလိုကျ ဆောင်ရွက်ပေးနေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်နဲ့ ပေါင်းနေရင်တော့ ဒီလိုအရေးနဲ့တော့ ကြုံရမှာပဲ။ ကျနော်တို့ကလည်း မွန်ပြည်နယ်ထဲမှာ ဒီလိုကောင်တွေကို အရှင်ထားမှာ မဟုတ်ဘူး။ ကျနော်တို့ အကုန်လုံး သုတ်သင်ရှင်းလင်းသွားမယ်။ ကျနော်တို့ သေနတ်တွေက ပြည်သူ့အတွက်ပဲ သစ္စာဆိုထားတာ စစ်တပ်ရဲ့ ပေါင်းရင်တော့ ဘယ်သူ့ကိုမှ ဘတ်တံဆိပ်ရွေးမှာ မဟုတ်ပါဘူး” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ပုံစာ – ပြီးခဲ့တဲ့နှစ်က ပျူခေါင်းဆောင် လင်းဦး တိုက်ခိုက်ခံခဲ့ရစဥ် (ပုံဟောင်း)
ဓာတ်ပုံ – စစ်အုပ်စု လော်ဘီ မီဒီယာ

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နမ္မတူမြို့ထဲ စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်စစ်ကော်မရှင်၏ လေယာဉ်ကို KNU တပ်ဖွဲ့က ပစ်ခတ်မှု လေယာဉ်ထိမှန်သွားဟု ဆို…

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။