မကွေးတိုင်း၊ နတ်မောက် -ပျော်ဘွယ်လမ်းပိုင်းမှာ လမ်းပိုင်းစစ်ဆေးနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်-နတ်မောက်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ၅ရက်နေ့ ညပိုင်းက နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီးမှာ တောာ်လှန်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးလုပ်ဆောင်နေချိန် အကြမ်းဖက်စစ်တပ်ကားနဲ့ ထိပ်တိုက်တိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ အင်းအားဘယ်လောက်ပါလဲဆိုတာတော့ ညကြီးဆိုတော့ အတိအကျမသိရပါဘူး။ နတ်မောက် အနောက်ကနေ အရှေ့ဖက်ကို ညကင်းပတ်လာတာမှာ ကျနော်တို့ စစ်ဆေးနေချိန်နဲ့ တိုးတာပါ။ သူတို့ဖက်က စပစ်လို့ ထိတွေ့မှုဖြစ်တာပါ။” လို့ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်-နတ်မောက်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ၁၅မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိလာတာကြောင့် ကားကို အသည်းအသန် မောင်းပြေးသွားတယ်လို့လည်း ပြောပါတယ်။

ပုံစာ – နတ်မောက်ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

“သူတို့ဘက်က ပြန်ပစ်တယ်။ အထိအခိုက်လည်းရှိတယ်.. မသိရသေးတာ။ အဲ့ဒါ အခြေအနေမကောင်းလို့ ကားပြန်မောင်းပြေးသွားတာ” လို့ နတ်မောက်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက်ပကဖနဲ့ Aung San’s Land Natmauk မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း နတ်မောက်မြို့နယ် အရှေ့ခြမ်းနဲ့အနောက်ခြမ်းတွေမှာ စစ်ကြောင်းဝင် စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ မကြာခဏရှိခဲ့ပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်အုပ်စုက မကြာခဏ လှည့်ကင်းပတ်လေ့ရှိပြီး အရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သမိုင်း၀င် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦးက လေလံတန်ဖိုး ထပ်မံလျှော့ချပြီး လေလံပစ်ဖို့ တရားရုံးကို တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ သမိုင်း၀င် နေအိမ်ကို လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချပြီး လေလံပစ်ဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KK Park နဲ့ ပတ်သက်ပြီး KNU အပေါ် စစ်တပ်၏ စွပ်စွဲမှုများကို တုံ့ပြန်သွားမည်ဟု ပဒိုစောတာနီး ပြော

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။