မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း ထံက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က မြင်တင်ရပ်ကွက်က ရဲတပ်သား အောင်ညီညီနဲ့ ဖောင်လင်းနယ်ထိန်း မင်းခန့်တို့အပါအဝင် ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကင်းပတ်နေကျမို့ မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်နေတာပါ။ သေဆုံးတော့ အတိအကျ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာ ၄ယောက်ကတော့ အခြေအနေဆိုးတယ်။ သူတို့က ကင်းပတ်ပြီး ပေါ်တာဆွဲလေ့ရှိတယ်။ လတ်တလော စိမ်းစိုရုံးနဲ့ စလင်းစခန်း အသွားအလာရှုပ်နေတယ်” လို့ စလင်း ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက စလင်းမြို့မရဲစခန်းထဲကို ပြန်လည်ဆုတ်ခွာသွားပြီး စစ်အုပ်စုထံက G3 ကျည်ဘောက် ၂ခု၊ လက်ပစ်ဗုံး ၂လုံးနဲ့ ကျည် ၃၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့တုန်းကလည်း စလင်းနဲ့ ဆင်ဖြူကျွန်းမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို စလင်း ပကဖ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

မန်းရွှေစက်တော်ဘုရားအနီး သွားလာမှုတွေ မပြုလုပ်ဖို့ မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ…

ရန်ကုန်မြို့ရှိ နာမည်ကျော် မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတာကြောင့် စစ်တပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်ဝေရေးသားနေပါတယ်။
Read More

ကလေးဝမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကလေး၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

လွိုင်လင်လေးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်သား (၁၀) ဦးကျော် သေဆုံး၊ ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းအစပ် နေရာများတွင် စစ်အုပ်စု စစ်မျက်နှာ ၅ ခု ဖွင့်ကာ ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာ စစ်သား (၁၀) ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားသည့် AA က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာမဟုတ်ဟု ပြောကြား

ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်တော် AA အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီနေ့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ စစ်အုပ်စု အထိုင်စခန်းကိုကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ဒုတပ်ကြပ်တစ်ဦးအပါ ၃ ဦးကို အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ကြပ်တစ်ယောက်အပါအဝင် သုံး ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ရင်း 805 - Nay Pyi Taw PDF ဆီက သိရပါတယ်။