စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းအရှေ့ရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ရွာခံအမျိုးသား ၁ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က အင်အား ၇၀ ကျော်ခန့်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာခံအမျိုးသား (၄၄) နှစ်အရွယ် ကိုမင်းနိုင်ကို ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ဒေသခံအဖွဲ့တွေက ကြိုရှောင်ခိုင်းတာ။ သူက အရှောင် နောက်ကျပြီး ခွေးတွေနဲ့ ပက်ပင်းတိုးပြီး ပစ်ခံလိုက်ရတာ၊ ခေါင်း ၂ချက်၊ ရင်ဘတ် ၁ချက်၊ အနီးကပ် တေ့ပစ်သွားတာ။ အလောင်းကို ဒီအတိုင်းထားခဲ့တာ” လို့ ချောင်းဦးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါစစ်အုပ်စုဟာ ရွာထဲက ပြည်သူပိုင်နေအိမ်တွေထဲဝင်ရောက်ကာ ပစ္စည်းတွေယူပြီး အဲဒီနေ့ ညပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂ရက်နေ့မှာလည်း အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်အုပ်စုက ကျီကုန်းရွာအနောက်ခြမ်းကို ထပ်မံဝင်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် ရွာထဲက ပစ္စည်းတွေကို သယ်ထုတ်ကာ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“နေ့ရောညပါ ကားမျိုးစုံနဲ့ ခိုးနေကြတာ။ ဆန်၊ ဆီ၊ ဘုန်းကြီးကျောင်းက စတီးခုံတောင် မချန်။ ကွန်ပျူတာတွေ ဆေးပစ္စည်းတွေ၊ ဘတ္ထရီယူနစ်ကအစ မချန်ဘူး။ နေ့စဥ်ရက်ဆက် သယ်နေကြတာ၊ အခုချိန်ထိလည်း သယ်ထုတ်နေတုန်းပဲ” လို့ ဒေသခံက ဆက်ပြောပါတယ်။

Video-U Nan Da

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်တွေ ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း မေလ ၅ ရက်နဲ့ ၆ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို Hell Cannon လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။
Read More

AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းမှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ကျေးရွာအနီးရှိ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းအား သိမ်း ပိုက်ထားတဲ့ မှတ်တမ်းရုပ်သံကို အာရက္ခတပ်တော် AAက မနေ့နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်ပါ တယ်။ ပွိုင့် ၆၆၆ စခန်းကုန်းကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၃ နာရီ ခန့်အကြာ သုံးဘက်သုံးတန်ကနေ ပိတ်ဆို့တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာအထိုင်ရဲစခန်းကို စစ်ကူပေးပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည် သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စေတုတ္တရာမြို့နယ် ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ရုပ်သံ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထုတ်ပြန်

မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၁၈ မိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပခုက္ကူခရိုင် တပ်ရင်း-၁၅မှ ယနေ့ ဧပြီ ၁၂ ရက်က ထုတ်ပြန်လိုက်ပါ တယ်။
Read More

ရေဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ် စစ်သား ၃ ယောက်သေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဖမ်းထားသည့် ဓားစာခံ ၄ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ထံကနေ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။