စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာမှာ စစ်အုပ်စုက ရွာခံအမျိုးသား ၁ယောက်ကို သတ်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို အင်အား ၇၀ ကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွာခံအမျိုးသား ၄၄နှစ်အရွယ် ကိုမင်းနိုင်ဟာ ရှောင်တိမ်းဖို့ လုပ်ရင်းနဲ့ပဲ စစ်တပ်နဲ့ တိုးကာ ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ဒေသခံအဖွဲ့တွေက ကြိုရှောင်ခိုင်းတာ။ သူက အရှောင် နောက်ကျပြီး ခွေးတွေနဲ့ ပက်ပင်းတိုးပြီး ပစ်ခံလိုက်ရတာ၊ ခေါင်း ၂ချက်၊ ရင်ဘတ် ၁ချက်၊ အနီးကပ် တေ့ပစ်သွားတာ။ အလောင်းကို ဒီအတိုင်းထားခဲ့တာ” လို့ ချောင်းဦးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပ် စစ်အုပ်စုဟာ ရွာထဲက ပြည်သူပိုင်နေအိမ်တွေထဲဝင်ရောက်ကာ ပစ္စည်းတွေယူပြီး အဲဒီနေ့ ညပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂ရက်နေ့မှာလည်း အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်အုပ်စုက ကျီကုန်းရွာအနောက်ခြမ်းကို ထပ်မံဝင်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် ရွာထဲက ပစ္စည်းတွေကို သယ်ထုတ်ကာ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“နေ့ရောညပါ ကားမျိုးစုံနဲ့ ခိုးနေကြတာ။ ဆန်၊ ဆီ၊ ဘုန်းကြီးကျောင်းက စတီးခုံတောင် မချန်။ ကွန်ပျူတာတွေ ဆေးပစ္စည်းတွေ၊ ဘတ္ထရီယူနစ်ကအစ မချန်ဘူး။ နေ့စဥ်ရက်ဆက် သယ်နေကြတာ၊ အခုချိန်ထိလည်း သယ်ထုတ်နေတုန်းပဲ” လို့ အထက်ပါ ‌ဒေသခံက ဆက်ပြောပါတယ်။

ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာဟာ ကပ်လျက်ဖြစ်ပြီး အရှေ့ရွာက ချောင်းဦးမြို့နယ်ထဲ ပါဝင်ကာ အနောက်ရွာက မုံရွာမြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – ကျီကုန်းအနောက်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားပုံ
0 Shares:
You May Also Like
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကျောက်တော်မှ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးသည့် ဖြစ်ရပ် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ယောက် သေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဥက္ကဋ္ဌနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) တို့က ရှေ့တန်းနယ်မြေကို သွားရောက်စစ်ဆေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး (၁) (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။