မွန်ပြည်နယ်၊ ရေးမြို့ အာယုတောင်ကျေးရွာမှာ အင်အား ၇၀ ခန့်ရှိတဲ့ စစ်အုပ်စုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဒဏ်ရာရရှိသွားပြီး ပျူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက် ဒီမနက် ၁၁ နာရီဝန်းကျင်အချိန် အာယုတောင်ကျေးရွာမှာ ပျူစောထီးတွေကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် လင်းဦးရဲ့ ဒဏ်ရာက မပြင်းထန်ပေမယ့် ပထမအကြိမ် တိုက်ခိုက်တုန်းက ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာတောင် မကောင်းမွန်သေးဘဲ ပတ်တီးစည်းထားတာကို တွေ့ခဲ့ရပြီး အခုတစ်ကြိမ်မှာလည်း သေနတ်ဒဏ်ရာ ထပ်မံ ရရှိသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် လင်းဦးကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးသွားပြီလို့တောင် သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပျူခေါင်းဆောင် လင်းဦးဟာ ဗိုလ်ကြီးအဆင့် တပ်ထွက်တစ်ယောက်ဖြစ်ပြီး အာယုတောင်-ရေး လမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးလေ့ရှိကာ စစ်တပ်အလိုကျ ဆောင်ရွက်ပေးနေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်နဲ့ ပေါင်းနေရင်တော့ ဒီလိုအရေးနဲ့တော့ ကြုံရမှာပဲ။ ကျနော်တို့ကလည်း မွန်ပြည်နယ်ထဲမှာ ဒီလိုကောင်တွေကို အရှင်ထားမှာ မဟုတ်ဘူး။ ကျနော်တို့ အကုန်လုံး သုတ်သင်ရှင်းလင်းသွားမယ်။ ကျနော်တို့ သေနတ်တွေက ပြည်သူ့အတွက်ပဲ သစ္စာဆိုထားတာ စစ်တပ်ရဲ့ ပေါင်းရင်တော့ ဘယ်သူ့ကိုမှ ဘတ်တံဆိပ်ရွေးမှာ မဟုတ်ပါဘူး” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောခဲ့ပါတယ်။

Video-ရေးဘီလူး
0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းမ ရွှေစက်တောဘုရားအဝင် ၃ မိုင်ဂိတ်အနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ် ပုသိမ်-မုံရွာလမ်းမ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးမှာ နိုဝင် ဘာ ၂၇ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Special Ranger Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာကနေ ကြေးနီနဲ့ ကျောက်စိမ်းတင်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုကို ရှေ့ထွက်ပြောင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင် စျာပနလိုက်ပါပို့ဆောင်သူတွေကို စစ်ကောင်စီလက်အောက်ခံတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင် (ရုပ်/သံ)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို လိုက်ပါပို့ဆောင်ကြသူတွေကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ၊ ရဲ၊စစ်သားနဲ့ပျူစောထီးတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။
Read More

ဘီးလင်းမြို့နယ် အလူးလေးနှင့် သပြေနီကျေးရွာအကြား စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးနဲ့ သပြေနီကျေးရွာအကြား ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၆ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးဖြူတပ်ရင်းထံက သိရပါတယ်။