မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေ သတိပေးနေတဲ့ကြားက ပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အပေါင်းအပါတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းမှာ တောင်တွင်းကြီးမြို့နယ်၊ ပရိပ်ကြယ်တိုက်နယ်၊ ညာတောအုပ်စု သစ်ခုတ်ကွင်းကျေးရွာက စစ်တပ်အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်း၊ တော်လှန်ရေးရဲဘော်တွေအကြောင်း သတင်းပေးဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ မင်းဇော်ဦးနဲ့ ဇနီးဖြစ်သူ ခင်ကြိုင်တို့ ၃ယောက်ကို တော်လှန်ရေးရဲဘော်တွေက သူတို့ရဲ့နေအိမ်ကို သွားရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“၃ယောက်လုံးကို ရှင်းလိုက်တာပါ။ ကျနော်တို့ ကြိုတင်သတိပေးခဲ့ပါတယ်။ ကိုမင်းဇော်ဦးအပါအဝင် ၁၃ဦးပေါ့…. ကျနော်တို့က တစ်ရွာလုံး ကျနော်တို့ကိုမကြောက်ပါနဲ့။ ကျနော်တို့က ပြည်သူအပေါ် မျက်စောင်းတောင် ထိုးပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် ကျနော်တို့ကို စခ-ရခ သတင်းပေးခဲ့ရင်တော့ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ သတိပေးခဲ့ပါတယ်” လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုချောင်ဖုန်းက မောင်းကို ပြောပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါတယ်)

စစ်တပ်အုပ်ချုပ်ရေးမှူးဟောင်း ကြည်ဝင်းဆိုသူဟာ ကျေးရွာနေ ပြည်သူတွေကို စစ်တပ်ခေါ်လိုက်ရမလားဆိုပြီး ခြိမ်းခြောက်ပြောဆိုကာ ပြည်သူတွေအပေါ် အနိုင်ကျင့်နေသူဖြစ်တယ်လို့ သိရပါတယ်။

ကိုချောင်ဖုန်းက ဆက်လက်ပြီး “ကိုမင်းဇော်ဦးက စစ်ထွက်ပါ။ စစ်‌ေ-ွးနဲ့ပေါင်းပြီး PDFတစ်ယောက်လည်း အဖမ်းခံလိုက်ရတယ်ဗျ။ သူ့မိန်းမက ငွေတိုးပေးပြီး စခ-ရခနဲ့ ပိုင်တယ်။ ကျနော်တို့ သစ်ခုတ်ကွင်းရွာထဲကိုလာတယ်။ စစ်‌ေ-ွးကို သတင်းပို့တယ်။ ဦးကြည်ဝင်းနဲ့ သူတို့နဲ့ ပေါင်းပြီးပေါ့” လို့ ဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်ထဲမှာ စစ်တပ်သတင်းပေး၊ ဒလန်တွေ၊ ပျူစောထီးတွေအနေနဲ့ စစ်တပ်ကို သတင်းပေးတိုင်ကြားတာတွေ၊ စစ်တပ်အားကိုးပြီး ပြည်သူတွေကို ငွေကြေး အတင်းအဓမ္မ ကောက်ယူတာတွေ၊ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တာတွေ လုပ်ဆောင်မယ်ဆိုရင် အချိန်မရွေး ပစ်ခတ်ရှင်းလင်းသွားမယ်လို့ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်တပ် ဆိုးဆိုးရွားရွား ပေါ်တာဆွဲနေ…

အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်သင်ကြားပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်မှုထမ်းတပ်သားစုဆောင်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသလို လိုသလောက် စစ်အင်အားအရေအတွက်ကိုလည်း ရရှိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လလောက်ကစလို့ အကြမ်းဖက်စစ်အုပ်စုဟာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မုံရွာ၊ စလင်း စတဲ့ မြို့နယ်တွေမှာပါ စစ်မှုထမ်းအင်အားကို ခပ်စိတ်စိတ် ဖြည့်တင်းလာနေခဲ့ပါတယ်။
Read More

မိုးမိတ်မြို့နယ် အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံ ဗုံးလာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၀ ရက် မနေ့က မွန်းလွဲပိုင်းမှာ မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၂)လုံးနဲ့ (ရော့ကဒ်) လက်နက်ကြီး(၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သုံးရက်တာအတွင်း ပဲခူးက မြို့လေးမြို့မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၇ ယောက် သေ

ပဲခူးတိုင်း မြို့နယ် ၄ ခုက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။