မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း ထံက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က မြင်တင်ရပ်ကွက်က ရဲတပ်သား အောင်ညီညီနဲ့ ဖောင်လင်းနယ်ထိန်း မင်းခန့်တို့အပါအဝင် ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကင်းပတ်နေကျမို့ မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်နေတာပါ။ သေဆုံးတော့ အတိအကျ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာ ၄ယောက်ကတော့ အခြေအနေဆိုးတယ်။ သူတို့က ကင်းပတ်ပြီး ပေါ်တာဆွဲလေ့ရှိတယ်။ လတ်တလော စိမ်းစိုရုံးနဲ့ စလင်းစခန်း အသွားအလာရှုပ်နေတယ်” လို့ စလင်း ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက စလင်းမြို့မရဲစခန်းထဲကို ပြန်လည်ဆုတ်ခွာသွားပြီး စစ်အုပ်စုထံက G3 ကျည်ဘောက် ၂ခု၊ လက်ပစ်ဗုံး ၂လုံးနဲ့ ကျည် ၃၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့တုန်းကလည်း စလင်းနဲ့ ဆင်ဖြူကျွန်းမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို စလင်း ပကဖ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

ယင်းမာပင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူတွေ သိရှိနိုင်ဖို့  လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်မန်ကျည်းကန် ပျူရွာကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်၊ စခန်းဘန်ကာ ၃ လုံးအထိ ရရှိပြီးမှ အကြမ်းဖက်စစ်ကူများကြောင့် ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကအနောက်မန်ကျည်းကန် ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စခန်းရလုဆဲဆဲအချိန် အကြမ်းဖက်စစ်ကူအင်အားတွေ တက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း အညာ​မြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မြိုင်နှင့်ပေါက်တွင် စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းထွက်ရှင်းသည့်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ဒုတပ်ကြပ် ၁ ဦးအပါ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် စိတ်ဝေဒနာရှင်လူငယ် ၁ဦး စစ်ကြောရေးတိုက်ပေါ်မှ ခုန်ချသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုတ်ကျင်း စစ်ကြောရေးအတွင်း ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက် တိုက်ပေါ်က ခုန်ချသတ်သေတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်အာဏာသိမ်းကာလ ၅နှစ်နီးပါးရောက်ရှိနေချိန် ပြည်သူတွေရဲ့ရင်မှာ အားကောင်းနေဆဲဖြစ်တဲ့ Boycott

၅နှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးခရီးအတွင်း လက်ရှိအချိန်ဟာ အခက်ခဲဆုံးဆိုတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပေမယ့် ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးကတော့ မပြောင်းမလဲ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မတတ်သာလို့နေရပေမယ့် ပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်က ရသလောက် အာဏာရှင်တော်လှန်ရေးမှာ ရပ်တည်နေကြတယ်ဆိုတာကို ဆက်လက်အားကောင်းနေဆဲဖြစ်တဲ့ ပြည်သူတွေရဲ့ Boycott လုပ်ဆောင်ချက်တွေနဲ့ အတိုင်းသား ချိန်ထိုးကြည့်လို့ရနိုင်ပါတယ်။