ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ မြန်မာပြည်သူပြည်သားတွေနဲ့ GSM e.V. ပူးပေါင်းပြီး အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ လူမှုအခြေပြုအဖွဲ့အစည်းတွေက လိမ်လည်တဲ့ ဟန်ပြရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

Video-Anti Sham Election/တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရန်ပွဲအပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အဖွဲ့စုံ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးမှုအချို့ရှိ

“မနေ့ညနေက မဲဆောက်ဈေးကို အရင်ဝင်စစ်တယ်။ ဆိုင် ၅ ဆိုင်လောက်ပါသွားတယ်ကြားပါတယ်။ တောမောင်းရုံး page မှာလည်း သတင်းတွေ တက်လာပါတယ်။ လူတွေ ဘယ်နှစ်ယောက် ပါသွားတာလဲတော့ အတိအကျ မသိရသေးဘူး။ ဖမ်းတယ်ဆိုတာကတော့ သေချာပါတယ်။ ပြီးတော့ မြို့အဝင်အထွက် လေယာဉ်ကွင်းတို့၊ အာရှလမ်းမကြီးတို့၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ရှိတယ်။ အရင်ကထက်တော့ ပိုတင်းကျပ်နေတယ်” လို့ အဝေးရောက်ဧရာဝတီအဖွဲ့ (OIA) က ကိုဖိုးသင်္ကြန်က မောင်းကို ပြောပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကော်ဇွန်းစက်ရုံမှ လုပ်ခမရှင်းပေးတာကြောင့် တောင်းဆိုသည့် အလုပ်သမားများကို ဖိနှိပ်သဖြင့် တိုင်ကြားလာမှု NUG အလုပ်သမားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့များ ကူညီဆောင်ရွက်ပေးနေ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ ကော်ဇွန်းထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား(၁၂၀)ကျော်ကို လုပ်အားခတွေ မရှင်းပေးတာကြောင့် တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို ဖိနှိပ်နေမှုအပေါ် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။