စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာမှာ စစ်အုပ်စုက ရွာခံအမျိုးသား ၁ယောက်ကို သတ်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို အင်အား ၇၀ ကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွာခံအမျိုးသား ၄၄နှစ်အရွယ် ကိုမင်းနိုင်ဟာ ရှောင်တိမ်းဖို့ လုပ်ရင်းနဲ့ပဲ စစ်တပ်နဲ့ တိုးကာ ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ဒေသခံအဖွဲ့တွေက ကြိုရှောင်ခိုင်းတာ။ သူက အရှောင် နောက်ကျပြီး ခွေးတွေနဲ့ ပက်ပင်းတိုးပြီး ပစ်ခံလိုက်ရတာ၊ ခေါင်း ၂ချက်၊ ရင်ဘတ် ၁ချက်၊ အနီးကပ် တေ့ပစ်သွားတာ။ အလောင်းကို ဒီအတိုင်းထားခဲ့တာ” လို့ ချောင်းဦးနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပ် စစ်အုပ်စုဟာ ရွာထဲက ပြည်သူပိုင်နေအိမ်တွေထဲဝင်ရောက်ကာ ပစ္စည်းတွေယူပြီး အဲဒီနေ့ ညပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂ရက်နေ့မှာလည်း အင်အား ၂၀၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်အုပ်စုက ကျီကုန်းရွာအနောက်ခြမ်းကို ထပ်မံဝင်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် ရွာထဲက ပစ္စည်းတွေကို သယ်ထုတ်ကာ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“နေ့ရောညပါ ကားမျိုးစုံနဲ့ ခိုးနေကြတာ။ ဆန်၊ ဆီ၊ ဘုန်းကြီးကျောင်းက စတီးခုံတောင် မချန်။ ကွန်ပျူတာတွေ ဆေးပစ္စည်းတွေ၊ ဘတ္ထရီယူနစ်ကအစ မချန်ဘူး။ နေ့စဥ်ရက်ဆက် သယ်နေကြတာ၊ အခုချိန်ထိလည်း သယ်ထုတ်နေတုန်းပဲ” လို့ အထက်ပါ ‌ဒေသခံက ဆက်ပြောပါတယ်။

ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာဟာ ကပ်လျက်ဖြစ်ပြီး အရှေ့ရွာက ချောင်းဦးမြို့နယ်ထဲ ပါဝင်ကာ အနောက်ရွာက မုံရွာမြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – ကျီကုန်းအနောက်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားပုံ
0 Shares:
You May Also Like
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ရေဖြူမြို့နယ် တပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ့စီးပွားရေး တိုးတက်ရန် အားသွန်ခွန်စိုက် ကြိုးစားမှုကြောင့် ကုန်သွယ်မှုလိုငွေ အနှုတ်မှ အပေါင်းလက္ခဏာဖြစ်လာဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်မှစတင်ကာ အချို့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက စီးပွားရေးပိတ်ဆို့ထားမှုအပါအဝင် အရင်အစိုးရလက်ထက် ကုန်သွယ်မှုလိုငွေပြလို့  နိုင်ငံ့စီးပွါးရေးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးစားခဲ့တာကြောင့် အခုအခါ ကုန်သွယ်မှုလိုငွေ အနှုတ်လက္ခဏာကနေ အပေါင်းလက္ခဏာ ဖြစ်လာပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။