မကွေးတိုင်း နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People’s Defense Organization – Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၅ ရက် ညပိုင်းက နတ်မောက်ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီး လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်သားတွေး စီးနင်းလာတဲ့ ကား ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး မြေပြင်အခြေအနေအရ အရေအ တွက် အတိအကျမသိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက်ပကဖနှင့် Aung San’s Land Natmauk မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-People’s Defense Organization – Natmauk

0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်မုန်တိုင်းကြောင့် လူ ၆၀ ကျော်သေဆုံးပြီး အိမ်ခြေ ၄၀၀၀၀ ကျော် ပျက်စီးခဲ့ (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်း Kalaegi ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၆ ယောက်သေဆုံးကာ အိမ်ခြေ ၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
Read More

တောင်သာမြို့ပေါ် ခြေကုပ်ယူထားသည့် စစ်တပ်ဂိတ်များကို တပြိုင်နက် ဝင်‌ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာမြို့ ရတနာပစ္စည်းအရောင်းဆိုင် လက်နက်ကိုင် ခြိမ်းခြောက်ဓားပြတိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ် ၁ ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း လက်နက်ကိုင်လူတစ်စုက အနုကြမ်းစီးခြိမ်းခြောက်ဓားပြ တိုက်သွားခဲ့တယ်လို့ ‌သိရပါတယ်။
Read More

ပြိုကျနေသော အဆောက်အအုံအောက် နာရီပေါင်း ၁၂၁ နာရီကြာ ပိတ်မိနေသည့် အမျိုးသား ၁ ‌ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစထုတ် ရှေ့ထွက်မိုင်းများဖြင့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့ ညောင်ဇင်ရွာအကြားမှာ အကြမ်းဖက်စစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ကပစထုတ် ရှေ့ထွက်မိုင်းတွေနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ် - DYAF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တရုတ်တွင် စက်ရုပ်က လူကို တိုက်ခိုက်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ

တရုတ်နိုင်ငံမှာ Unitree က ထုတ်လုပ်တဲ့ စက်ရုပ်ဟာ ချွတ်ယွင်းမှုဖြစ်ပြီး coding ရေးနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။