စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ကလေး (ဒု)ဒကစမှူး အမိန့်နဲ့ အကြမ်းဖက်ခြေမြန်တပ်ရင်းတွေက မော်လိုက်ကလေးကျေးရွာအတွင်း မွှေနှောက်ခိုးယူကာ စစ်ရှောင်နေအိမ်တွေကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၆ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက မော်လိုက်လေးကျေးရွာထဲ ဝင်ရောက် မွှေနှောက်ရှာဖွေရင်း အရပ်သားပိုင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ခိုးယူသယ်ဆောင်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မော်လိုက်အခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၄၊ ၃၆၅၊ ၃၆၆) တပ်ရင်းတွေထဲက ထုတ်နုတ်အင်အားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက်နေ့ကတည်းက ကင်းတပ်ပျူစောထီးရွာထဲ ရောက်ရှိနေတာဖြစ်ပြီး မနေ့က ဒီဇင်ဘာလ ၆ရက်မှာ ကလေး (ဒု)ဒကစမှူးအမိန့်နဲ့ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် သြဂုတ်လမှာ စတင်ခဲ့တဲ့ မော်လိုက်မြို့နယ် သိမ်းငှက်စစ်ဆင်ရေးကို အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်နေ့မှာ စတင် ရပ်နားထားတာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးသိမ်းဆည်းရရှိထားတဲ့ ပျူစောထီးရွာတချို့က တော်လှန်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာထားတာ ဖြစ်ပါတယ်။

“အထက်ကညွှန်ကြားချက်နဲ့ မော်လိုက်ကလေးကနေ ၂၄ရက်နေ့က ဆုတ်ပေးခဲ့တယ်။ သူတို့က ၂၆ရက်နေ့ဝင်တယ်။ ဒီနေ့မှ မီးရှို့တယ်ပေါ့။ သူတို့ ပျူစောထီးတွေရှိတဲ့ ကင်းတပ်နဲ့ အခုမီးရှို့ခံရတဲ့ရွာက မီတာ ၃၀၀ လောက်ပဲ ဝေးတယ်။ စစ်ရှောင်အရပ်သားတွေရဲ့ အသုံးဆောင်တွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို ကင်းတပ်ရွာထဲ ကားတွေနဲ့ တိုက်သယ်တယ်။” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အိုးဘို၊ သိန်းတာ၊ ဆွတ်နန်း၊ မော်လိုက်ကလေးစတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၆ရွာထက်မနည်းက အရပ်သားထောင်ချီဟာ ဘေးလွတ်တိမ်းရှောင်နေရကြောင်း သိရပါတယ်။

ပျူစောထီးစခန်း ၈ခုနဲ့ ရွာ ၁၇ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများပြားနဲ့ စစ်သုံ့ပန်းတွေ ရရှိခဲ့တဲ့ မော်လိုက် သိမ်းငှက်စစ်ဆင်ရေးကို မော်လိုက် တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ခရိုင် တပ်ရင်း ၄ခု (၁၊ ၂၊ ၃၊ ၄) နဲ့အတူ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ခရိုင်ကွပ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်ပွဲတွေနဲ့အတူ ထိခိုက်ပေးဆပ်ရတာတွေလည်း ရှိခဲ့ပါတယ်။

ပုံစာ – မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအား စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဥ်
ဓာတ်ပုံ – မော်လိုက်တော်လှန်ရေးအင်အားစုများ

0 Shares:
You May Also Like
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျုံဒိုးမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦး နှလုံးဖောက် သေဆုံး၊ ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီး 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရကာ ပြည်သူပိုင် ရော်ဘာခြံတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တေးရေး နိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ ရဲ့​ ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ကနေ ရေဝေးသုဿန်အအေးခန်းဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။