အကြမ်းဖက်စစ်အုပ်ရဲ့ အတုအယောင်ရွေး‌ကောက်ပွဲ ကာကွယ်ရေးဥပဒေကို တုံ့ပြန်တဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်ပါတယ်။

အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စု ပြုလုပ်မယ့် ဘယ်လိုအတုအယောင်ရွေးကောက်ပွဲကိုမဆို လက်ခံမှာမဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် ရည်ရွယ်ပြဋ္ဌာန်းတယ်လို့ CRPH က မနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီဥပဒေအောက်ကနေ ဒီမိုကရေစီကာကွယ်စောင့်ရှောက်ရေးကော်မရှင် ဖွဲ့စည်းပြီးတော့ ဥက္ကဋ္ဌအနေနဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး တာဝန်ယူကာ အဖွဲ့ဝင်တွေထဲမှာတော့ CRPH ကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်တော်လှန်ရေး အင်အားစု ကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ သိရပါတယ်။

အဆိုပါကော်မရှင်အနေနဲ့ အများပြည်သူတွေ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းတာမလုပ်ဖို့ သင့်တော်တဲ့နည်းလမ်းနဲ့ အသိပေးတာတွေပြုလုပ်ဖို့ တာဝန်ရှိပြီးတော့ လုံခြုံတဲ့နေရာမှာ ရုံးခန်းဖွင့်လှစ် ထားမယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီဥပဒေမှာ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပါဝင်သူတွေဖြစ်တဲ့ ရွေးကောက်ပွဲ အမည်စာရင်းတင်သွင်းသူ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအဆင့်ဆင့်မှာ ပါဝင်သူတွေ၊ ရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီသူတွေ၊ ငွေကြေးထောက်ပံ့သူတွေကို ဥပဒေအရ အပြစ်ပေးနိုင်ဖို့ ပြဋ္ဌာန်းချက်တွေလည်း ပါဝင်ပါတယ်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်စေဖို့ ပါဝင်ကူညီတာကို အထောက်အထားသက်သေနဲ့ ဆက်သွယ်လာရင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအလိုက် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ဥပဒေပုဒ်တွေ၊ ကျပ်သိန်း ငါးဆယ်မှ သိန်းငါးရာအောက်မလျော့တဲ့ဒဏ်ငွေ ချမှတ်နိုင်တဲ့ဥပဒေပုဒ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင်လူသားချင်းစာနာထောက်မှုဆိုင်ရာ ထိတွေ့ဆက်ဆံသူတွေနဲ့ အရပ်ဘက်ဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်သူတွေဟာ ဒီဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ သက်ဆိုင်မှု မရှိစေရလို့ ထည့်သွင်းရေးဆွဲထားပါတယ်။

အဆိုပါဥပဒေဟာ မြန်မာနိုင်ငံပြည်တွင်း၊ ပြည်ပရှိနေထိုင်တဲ့ မြန်မာနိုင်ငံသားအားလုံးအပေါ် အကျိုး သက်ရောက်မှုရှိစေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး နာမည်ကျော်ရုပ်ရှင်ဒါရိုက်၊ သရုပ်ဆောင်တွေအပါအဝင် ပြည်သူတစ်ရာကျော်ကို ဖမ်းဆီးခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်နေတာလည်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမှာ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲနေသည့် စစ်တပ်ကို ၆၀ မမ များ ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ရှိရာနေရာကို ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ခလရ ၂၅၆ မှ တပ်သားတစ်ဦး အရက်မူးနေသည့် တပ်ကြပ်ကြီး၏ သေနတ်ကိုပါ ယူဆောင်အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကော်မရှင်တပ် ခလရ ၂၅၆ က တပ်သားတစ်ယောက်ဟာ အရက်မူးနေတဲ့ တပ်ကြပ်ကြီးရဲ့ သေနတ်ကိုပါ ယူဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်း - P2 3702 ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။