ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဆားဂွန်းဂိတ်မှာ တာဝန်ယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်များ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်းမှာ ကြည်တင်နဲ့ မြင့်ကြည်လို့ အမည်ရတဲ့ စစ်သား ၂ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်သုံ့ပန်း ၂ဦးကို ဖြူးမြို့နယ် ပကဖ တပ်စုမှုးက စစ်ဆေးမေးမြန်းနေချိန်မှာပဲ တပ်စုမှူးကိုင်ဆောင်တဲ့ 9 mm သေနတ်ကို လုယူထွက်ပြေးပြီး ခုခံထွက်ပြေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်များက လိုက်လံပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သိရပါတယ်။

“ညပိုင်းမှာ စုမှူးက သေချာလေး စစ်မေးနေချိန်မှာ ကြည်တင်နဲ့မြင့်ကြည်က သေနတ်လုတာပါ။ ကြည်တင်က ဦးဆောင်သူပါ” လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ကြည်တင်ဆိုသူဟာ ဖြူးမြို့နယ် ခမရ-၃၀၆ တပ်ရင်းမှ တပ်ကြပ်ကြီးရာထူးနဲ့ ပင်စင်ယူထားပြီး အာဏာသိမ်းပြီးချိန်မှာ စစ်တပ်နဲ့ ပြန်လည်ပူးပေါင်းပြီး ဖြူးမြို့နယ်အတွင်းက တံခွန်တိုင်ဂိတ်၊ ဆားဂွန်းဂိတ်တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ ပြည်သူတွေကို ဒုက္ခပေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း G-3 သေနတ် ၁ လက်၊ G-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ ကျည်၁၅ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Video-ဖြူးမြို့နယ် ပကဖ
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပူပူနွေးနွေး သိမ်းပိုက်ထားသည့် အင်းတော်မြို့မှာ PDF များကို အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ဒီရက်ပိုင်းအတွင်း အောင်မြင်စွာ သိမ်းပိုက်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားတဲ့ အင်းတော်မြို့မှာ PDF ရဲဘော်တွေကို ပြည်သူလူထုက အိုးစည်ဒိုးပတ်တွေနဲ့ ကြိုဆိုကခုန်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၄ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗိုလ်မှူး ရန်လင်းအောင် ဦး‌ဆောင်တဲ့ အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ ၂၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲစခန်းက ထွက်လာတဲ့ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ပြောကြားချက် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောဆဲဂေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။