ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနယ်မြေအတွင်းက နတ်သံကွင်း-ကျောက်ကြီးကားလမ်းမကို သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေသလို လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်(၄၄)လုံး ပျက်စီးခဲ့တယ်လို့ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ လက်နက်ကြီး၊ ဒရုန်း၊ ဂျန်ရှိမော်တာတွေနဲ့ နေစဥ်ပစ်ခတ်နေတာလို့လည်း ဆိုပါတယ်။

ကေအဲန်ယူ-ဗဟိုရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်မှာ အကြမ်းဖက်စစ်တပ် ခြေ လျင်တပ်ရင်း ၇၃ ကနေ ၁၂၀ မမ ၃ လုံး ပစ်ခတ်ခဲ့လို့ ညောင်ပင်သာ ကျေးရွာထဲကျရောက်ပေါက်ကွဲပြီး (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၈ ရက်ကလည်း အကြမ်းဖက်စစ်လေတပ်က ဂျန်ရိုမော်တာနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ တမောမရွာ‌‌‌ဟောင်းတွင်း ၁၂၀ မမ (၂) လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၇၀)နှစ်အမျိုးသမီး တစ်ဦးထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူနိုဝင်ဘာလ (၂၇) ရက်က လယ်ဒိုမြို့နယ် ကျွန်းကုန်း(ပိုးရိုးနိုဖိုး)ကျေးရွာထဲကို လက်နက်ကြီးနဲ့ တနေကုန်ပစ်ခတ်ပြီး ဒရုန်း၊ ဂျန်ရိုမော်တာတွေနဲ့ပါ လာရောက်ပစ်ခတ်ခဲ့လို့ နေအိမ် (၄၄) လုံးထိမှန်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နေတဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့စွာ လုပ်ကိုင်စားသောက်သွားလာနေထိုင်နေကြရတယ်လို့ ကေအဲန်ယူဗဟိုရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
0 Shares:
You May Also Like
Read More

ကတိုင်တိ စစ်တပ်စခန်း မကျစေရေး စစ်ကောင်စီ ဂျက်လေယာဉ်တွေနဲ့ ခုခံတိုက်ခိုက်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကတိုင်တိ စစ်တပ်စခန်း လက်မလွှတ်ရရေးအတွက် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်၊ ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာလုပ်သား ၁၄၀၀ကျော်ကို ဂျပန် ခေါ်ယူမယ်

မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ၄ လကျော် တိုက်ပွဲအတွင်း စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် ဒုဗိုလ်မှူး အပါ ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာနဲ့ ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲ ၄ လကျော် ဖြစ်ပွားခဲ့ရာ စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ဒုဗိုလ်မှူး ၁ ယောက်အပါအဝင် ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိတယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။