မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံဒေသ shunda park အွန်လိုင်းလိမ်လည်လောင်းကစားခြံဝင်းကို အကြမ်းဖက်စစ်တပ်က နေ့စဉ်တိုက်ခိုက်နေလို့ နှစ်ဖက်ထိခိုက်မှုတွေရှိနေချိန်မှာ နိုင်ငံတကာတုံ့ပြန်မှုတွေ နှေးကွေးနေဆဲဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ shunda park ငွေလိမ်ခြံဝင်းထဲမှာ ကျန်ရှိနေသူတွေဟာ ရာဇဝတ်သားတွေလို့ သံသယရှိသူတွေဖြစ်နိုင်ပြီး နိုင်ငံတကာအာဏာပိုင်တွေအနေနဲ့ ၄င်းတို့ကိုတရားခွင်ကို ခေါ်ထုတ်နိုင်ဖို့ အခွင့်အရေးရှိနေပေမဲ့ တုံ့ပြန်မှုနှေးကွေးရင် အခွင့်အရေး ဆုံးရှုံးမှာဖြစ်တယ်လို့ KNU ကသတိပေးထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃ ရက်မှ ဒီကနေ့ ၆ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ(၂၂) လက်အောက်ခံတပ်က မင်းလက်ပံဖက်ကို ပစ်ခတ်ခိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံဘက်ထိ ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ မင်းလက်ပံဒေသကို စစ်တပ်က လက်နက်ကြီးအမြောက်များနဲ့ပစ်ခတ်လို့ အဆိုပါလက်နက်ကြီးကျည်တွေဟာ သောင်ရင်းမြစ်တစ်ဖက်ခြမ်း ထိုင်းနိုင်ငံထဲကို ကျရောက်ခဲ့ပြီး ‌ဒေသခံတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ မင်းလက်ပံဒေသ Shunda Park ရှိရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်တယ်လို့” KNLA မြေပြင်တပ်မှူးတွေက မှတ်ချက်ပြုကြပါတယ်။

အကြမ်းစစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ဟာ ငွေလိမ်ခြံဝင်းတွင်းကို တည့်တည့်ကျရောက်ခဲ့လို့ KNU ရဲ့ မြေပြင်အရပ်သား အကဲဖြတ်အဖွဲ့ဝင်တွေ အပါအဝင် အချို့ထိခိုက်ဒဏ်ရာရတာရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်တရုတ်နိုင်ငံသားအများဆုံးပါဝင်တဲ့ ခြံဝင်းထဲကျန်ရှိနေတဲ့သူတွေဟာ ထိုင်းအာဏာပိုင်တွေကတဆင့် နေရပ်ပြန်ဖို့ကို ငြင်းဆန်တာ၊ ညအချိန်နံရံကျော် ထွက်ပြေးတာ၊ ခြံဝင်းအတွင်း မီးရှို့တာ၊ ခြံဝင်းအတွင်း မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံ‌ရေးဝန်ထမ်းအင်အားသုံးဖို့ လိုနေတယ်လို့လည်း KNU ကသတိပေးထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ( KNU ) က ‌ဒေသတွင်း ကျားဖြန့်တိုက်ဖျက်ရေး အစီအစဥ်တစ်ခုအနေနဲ့ DKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံဒေသကို ဝင်ရောက်စီးနင်းခဲ့မှုအတွင်း အဆိုပါကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်ရာ အဆောက်အဦးများအတွင်းမှ လူပေါင်း ၃,၅၈၂ ဦးကို တွေ့ရှိထိန်းသိမ်းခဲ့ရပြီး၊ ၄င်းတို့အနက် ၂,၆၆၅ ဦးကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းလှအတွင်း ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထား

အလားတူ ဇွန်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ရွေးကုန်းရွာမှ အိမ်ခြေ ၅လုံး ၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုကျွဲလမ်းစုရွာမှ အိမ်ခြေ ၄လုံးအပြင် ဇွန်လ ၂၃ ရက်နေ့မှာလည်း ဂန့်ဂေါ်ပင်အုပ်စု၊ ဗိုလ်တထောင်ရွာမှ အိမ်ခြေ အလုံး ၂၀လုံးခန့်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာမှ အိမ်ခြေ၈လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာမှ အိမ်ခြေ ၈လုံး၊ ဂန့်ဂေါ်ပင်မှ အိမ်ခြေ ၅လုံး၊ ငလှစမ်းရွာမှ အိမ်ခြေ အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် သေပြီး ၆ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက် မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၆ ဦး သေ၊ အရပ်သား (၇) ဦး၊ ကိုရင် (၈) ပါးနှင့် ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၆ ယောက် သေဆုံးပြီး အရပ်သား (၇) ယောက်၊ ကိုရင် (၈) ပါးနဲ့ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဖရူဆိုမြို့နယ်တွင် ခမရ ၅၃၁ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။ “သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။