ပဋိပက္ခဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတရပ်က ဒီဇင်ဘာလ ၃ ရက်မှာ ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့ အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက တရားမဝင် ဘိန်းအရင်းအမြစ် ဖြစ်လာခဲ့တာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ Myanmar Opium Survey 2025 အရ ဘိန်းစိုက်ပျိုးတဲ့ ဧရိယာဟာ ၂၀၂၄ ခုနှစ်ကစလို့ ၁၇ ရာခိုင်နှုန်း တိုးလာပြီး ၅၃,၁၀၀ ဟက်တာ (၁၃၁,၂၁၂ ဧက) ကို ရောက်ရှိလာခဲ့ကာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးဆုံးဧရိယာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မက်သာအမ်ဖက်တမင်း ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တယ်လို့ UNODC က ဆိုထားပါတယ်။ ဘိန်းဟာ လူအားသုံးလုပ်ကိုင်ရတာကြောင့် မက်သာအမ်ဖက်တမင်းကို ပိုပြီးလွယ်လွယ်ကူကူ ထုတ်လုပ်လာပြီး အာရှနဲ့ ပစိဖိတ်ဒေသတဝိုက်ကို ဆေးပြားနဲ့ ခရစ်စတယ်မက်သ်အဖြစ် ကုန်း၊ ရေ၊ လေ လမ်းတို့ကတဆင့် တင်ပို့ဖြန့်ဝေမှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း ဆိုထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှုနဲ့ မတည်ငြိမ်မှုတွေ ပိုမိုကျယ်ပြန့်လာပြီး ဘိန်းချေးကတဆင့် ထုတ်လုပ်တဲ့ မော်ဖင်းနဲ့ ဘိန်းဖြူတို့အတွက် တောင်သူတွေဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုလုပ်ကိုင်လာကြပါတယ်။

မြန်မာ့ဘိန်းထုတ်လုပ်မှု တိုးမြင့်လာတာရဲ့ အဓိကမောင်းနှင်အားက ဘိန်းဈေးတွေ မြင့်တက်လာကြောင့်ဖြစ်ပြီး လက်ရှိ ဘိန်းစိမ်းပေါက်ဈေးဟာ တကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၃၂၉ ခန့်နဲ့ ၂၀၁၉ ခုနှစ်ကထက် နှစ်ဆကျော် မြင့်တက်နေတယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ဘိန်းကတဆင့် စီးပွားဖြစ်မှုတန်ဖိုးဟာ ဒေါ်လာ ၆၄၁ သန်းကနေ ၁.၀၅ ဘီလီယံကြားရှိပြီး ဒီပမာဏဟာ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံ GDP ရဲ့ ၀.၉ ရာခိုင်နှုန်းကနေ ၁.၄ ရာခိုင်နှုန်းခန့် ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အချို့ဒေသတွေမှာ ပဋိပက္ခပြင်းထန်မှုကြောင့် ပျမ်းမျှအထွက်နှုန်း ၁၃ ရာခိုင်နှုန်းကျဆင်းလာပေမဲ့ စိုက်ပျိုးမြေတိုးလာမှုက ၎င်းတို့ကို ကာမိခဲ့ပြီး စုစုပေါင်း ဘိန်းထုတ်လုပ်မှုဟာ ၁ ရာခိုင်နှုန်း တိုးမြင့်လာမှုနဲ့အတူ မက်ထရစ်တန် ၁,၀၁၀ ခန့်အထိ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

“မြန်မာပြည်အတွက် အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ် …. ဒီစိုက်ပျိုးမှု အကြီးအကျယ် တိုးချဲ့လာတာက ဘိန်းစီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘယ်လောက်အထိ အခြေအနေ ပြန်လည်ခိုင်မာလာပြီလဲ ဆိုတာကို ပြသနေပြီး အနာဂတ်မှာ ဒီထက်ပိုတိုးမြင့်လာနိုင်တာကိုလည်း ပြနေပါတယ်” လို့ UNODC ရဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် Delphine Schantz က ပြောကြားခဲ့ပါတယ်။

“ပြင်းထန်လာနေတဲ့ ပဋိပက္ခ၊ အသက်ရှင်သန်ရန် လိုအပ်ချက်နဲ့ ဈေးနှုန်းမြင့်တက်မှုရဲ့ ဆွဲဆောင်မှုတို့ကြောင့် (မြန်မာ) တောင်သူတွေဟာ ဘိန်းစိုက်ပျိုးရေးကို စိတ်ဝင်စားလာကြပါတယ်၊ အသက်မွေးဝမ်းကျောင်းအတွက် ရေရှည်တည်တံ့တဲ့ အခြားရွေးချယ်စရာတွေ ဖန်တီးပေးနိုင်ခြင်းမရှိရင် ဆင်းရဲမွဲတေမှုနဲ့ တရားမဝင် စိုက်ပျိုးမှုအပေါ် မှီခိုမှု သံသရာဟာ ပိုမိုနက်ရှိုင်းလာမှာပဲ ဖြစ်ပါတယ်” လို့ Schantz က ဆက်လက်ပြောကြားခဲ့ပါတယ်။
News- AP/ Photo- TheGuardian

0 Shares:
You May Also Like
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်မိသားစုဝင်တွေကို PDF ရဲဘော်တွေက ဟင်းချက်စရာအသီးအနှံတွေ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင်မိသားစု ၃၃ စုကို 'ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ' အစီအစဥ်နဲ့ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့ရတဲ့ ကျဆုံးရဲဘော်ညီနောင်အပေါင်းကို ရည်စူးကာ ဟင်းချက်စရာအသီးအနှံတွေကို မြို့နယ် PDF ၊ ပင်မ ပြန်ကြားရေးဌာနရဲ့ တပ်ခွဲ ရေခဲမြစ်ငယ်နွေက နိုဝင်ဘာလ ၂၄ ရက် ​ဒီနေ့မှာ သွားရောက် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါနဲ့ လားရှိုးကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်၊ သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။