မိုးကုတ် – မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ မိုးကုတ် မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေကို ဖော်ပြထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

“၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ ၁၈:၀၀ နာရီ အချိန်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ ရန်သူခြေကုတ်ယူလာသော နယ်မြေများကို မိမိတို့ တပ်ဖွဲ့ဝင်များမှ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါသည်” လို့ NUG၊ MOD ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၆ ရက်ထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်ကစတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF တွေ၊ ပကဖ တွေကို တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်က‌နေ စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုထားပါတယ်။
ဓတ်ပုံ-MDY-PDF / (ပုံဟောင်း)

0 Shares:
You May Also Like
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

မင်းကင်း CDM ဆရာဝန် ဒေါက်တာခင်သူသူလွင်အား အကြမ်းဖက်ဖမ်းဆီးမှု များစွာတုန်လှုပ်မိကြောင်း CDM Medical Network ထုတ်ပြန်

တော်လှန်ရေးမှာ ကျရာတာဝန်ထမ်းဆောင်ရင်း ပါဝင်အားဖြည့်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှု ဘဝဟာ လုံခြုံမှုမရှိဘဲ အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖီကာ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကိုပါ ခံနေရတဲ့အပေါ် များစွာတုန်လှုပ်မိတယ်လို့ CDM Medical Network က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်ခြင်းဟာ နိုင်ခြေကို လုံးဝ စွန့်လွှတ်ခြင်းဟု ဦးကိုကိုကြီး ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်သာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ မပြိုင်တာထက်စာရင် ပြိုင်တာက ကိုယ်စားပြုခွင့် အထိုက်အလျောက် ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။