ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဆားဂွန်းဂိတ်မှာ တာဝန်ယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်များ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်းမှာ ကြည်တင်နဲ့ မြင့်ကြည်လို့ အမည်ရတဲ့ စစ်သား ၂ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်သုံ့ပန်း ၂ဦးကို ဖြူးမြို့နယ် ပကဖ တပ်စုမှုးက စစ်ဆေးမေးမြန်းနေချိန်မှာပဲ တပ်စုမှူးကိုင်ဆောင်တဲ့ 9 mm သေနတ်ကို လုယူထွက်ပြေးပြီး ခုခံထွက်ပြေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်များက လိုက်လံပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သိရပါတယ်။

“ညပိုင်းမှာ စုမှူးက သေချာလေး စစ်မေးနေချိန်မှာ ကြည်တင်နဲ့မြင့်ကြည်က သေနတ်လုတာပါ။ ကြည်တင်က ဦးဆောင်သူပါ” လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ကြည်တင်ဆိုသူဟာ ဖြူးမြို့နယ် ခမရ-၃၀၆ တပ်ရင်းမှ တပ်ကြပ်ကြီးရာထူးနဲ့ ပင်စင်ယူထားပြီး အာဏာသိမ်းပြီးချိန်မှာ စစ်တပ်နဲ့ ပြန်လည်ပူးပေါင်းပြီး ဖြူးမြို့နယ်အတွင်းက တံခွန်တိုင်ဂိတ်၊ ဆားဂွန်းဂိတ်တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူကာ ပြည်သူတွေကို ဒုက္ခပေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း G-3 သေနတ် ၁ လက်၊ G-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ ကျည်၁၅ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Video-ဖြူးမြို့နယ် ပကဖ
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် စလင်းပကဖ ရဲဘော် အောင်ဌေးဝင်း စျာပန (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်အောင်ဌေးဝင်းဟာ ဇူလိုင် ၂၃ ရက်က အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို လက်နက်ကြီးထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို KIA ၊ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့တယ်ဆိုပြီး ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ ဘယ်အချိန်က ရိုက်ကူးခဲ့တာလဲဆိုတာကိုတော့ မြေပြင်အခြေအနေအရ မသိရှိရသေးပါဘူး။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

Lion Battalion စစ်ကြောင်းက စစ်‌ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများ လှူဒါန်းပေး (ရုပ်/သံ)

စစ်ဘေးရှောင်အရေးအတွက် အလှူရှင်တွေထံက ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းပေးခဲ့တယ်လို့ Lion Battalion စစ်ကြောင်းထံက သိရပါတယ်။
Read More

ချင်းညီနောင် (CB) တပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ကနေဒီတောင်စခန်း မြင်ကွင်းရုပ်သံ

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ကနေဒီတောင်စခန်းကို ချင်းညီနောင်တပ်ဖွဲ့တွေက ဇန်နဝါရီ ၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ဗိုလ်မှူး ၁ ယောက်အပါအဝင် ၂၀ ကျော်ကို ဖမ်းဆီးမိခဲ့ပါတယ်။