ရှမ်းပြည်တောင် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်များ ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်အရာရှိ အပါအဝင် စစ်အုပ်စုဝင် ၉ ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးမိခဲ့ကာ၊ ငါးကြင်းမြီး ၁ လက်၊ RPG ၁ လက်နဲ့ အခြားလက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ အဆိုပါတိုက်ပွဲများအပြီး လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ပြည်သူများအနေနဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ဖို့နဲ့ သတိထားသွားလာကြဖို့ MBPDF လင်းယုန်တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

PDF ပုလဲမြို့နယ် စစ်ကြောင်း စစ်ရေးပြ အခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင် ခရိုင်စစ်ဌာန၊  ပုလဲမြို့နယ်စစ်ကြောင်းရဲ့ (Unity Column) စစ်ရေးပြ အခမ်းအနားကို ဇန်ဝါရီ ၁၅ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားပြင်းငလျင်လှုပ်ခတ်စဉ် မဟာမုနိဘုရားကြီး CCTV မှတ်တမ်း

မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ ငလျင်လှုပ်ခတ်မှုအတွင်း မြင်တွေ့ရတဲ့ CCTV မှတ်တမ်းရုပ်သံဟာ ဒီနေ့ ဧပြီ ၇ ရက်မှာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့လာပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်မှု ဒုရဲအုပ်အောင်သူရနှင့် စစ်သား ၁ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဆားဂွန်းဂိတ်ကို ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဖြူးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ပန်ဝါမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီး မြို့အတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်လာ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီး အောက်တိုဘာ ၁၈ ရက် ညပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း ရဲဘော်များကို ပြည်သူများ ကြိုဆိုခဲ့ကြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေနဲ့ အညာမြေကို ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်း‌သောင်းဖြဖြ ကြိုဆိုနေတဲ့ မှတ်တမ်းရုပ်သံကို MC - KC DF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။