အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အပိုင်းတစ်နဲ့ နှစ်ကို မြို့နယ် ၂၀၂ မြို့နယ်မှာ ကျင်းပဖို့ပြင်ဆင်ထားပေမယ့် ယင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်စုသုံးထောင်နီးပါးမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုအနေနဲ့ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို တော်လှန်ရေးအားကောင်းရာဒေသတွေမှာပါ ကျင်းပမယ်လို့ ထုတ်ပြန်ထားခဲ့ပေမဲ့၊ ဒီထုတ်ပြန်ချက်က တနည်းအားဖြင့်ရွေးကောက်ပွဲတွေကို အဆိုပါနေရာတွေမှာ ကျင်းပနိုင်ခြင်း မရှိဘူးဆိုတာကို ဝန်ခံရာရောက်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ မြို့နယ် ၂၀၂ မြို့နယ်တွေထဲက ရပ်ကွက် ၁၆၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂,၇၇၀ အုပ်စုနဲ့ စုစုပေါင်း ၂၉၃၁ ခုမှာ ရွေးကောက်ပွဲကျင်းပဖို့ မရှိဘူးလို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီမြို့နယ်တွေထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာဒေသ အများအပြားပါဝင်နေပြီး စစ်ကိုင်းတိုင်းမှာ ၉၀၂ နေရာ၊ မကွေးတိုင်းမှာ ၆၈၇ နေရာ၊ မန္တလေးတိုင်းမှာ ၂၃၆ နေရာ၊ ပဲခူးတိုင်းမှာ ၁၉၇ နေရာတွေနဲ့ ဧရာဝတီတိုင်းရှိ ရက္ခိုင်တပ်တော် (AA) ရှိနေတဲ့ ကျေးရွာအုပ်စု ၄ နေရာမှာ ရွေးကောက်ပွဲကျင်းပဖို့ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အများပြည်သူများနေထိုင်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့ တစ်ဖက်တွင်လည်း အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး အဓမ္မခြိမ်းခြောက်စေခိုင်းတွေရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု ကိုင်ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၁၂၈ (ဂ) နဲ့ ပုဒ်မခွဲ (ခ) မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ရပ်ရဲ့ ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်ရမှာဖြစ်ပြီးတော့၊ အထမမြောက်လို့ ရွှေ့ဆိုင်းကျင်းပရချိန်မှာ စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံလိုအပ်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ မငြိမ်းချမ်းသေးဘဲ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေကို လွှတ်ပေးတာမရှိဘဲ ကျင်းပတဲ့ရွေးကောက်ပွဲဟာ တရားဝင်မှာမဟုတ်ဘူးလို့ နိုင်ငံတော်တော်များများက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈၊ ၂၀၂၆ ဇန်နဝါရီ ၁၁ နဲ့ ၂၄ ရက်နေ့တွေမှာ ၄င်းတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေသည့် နေရာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီက အာဏာသိမ်း ၄ နှစ်တာအတွင်း မြို့ပေါင်း ၁၆၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀၀ အထိပြုလုပ်ခဲ့

စစ်အာဏာသိမ်းမှု  ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၆၀ ကျော်မှာ စစ်ကောင်စီက  လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀၀၀ ကျော်အထိရှိခဲ့တယ်လို့ Institute for Strategy and Policy- Myanmar ( ISP -Myanmar) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

စဉ့်ကူးမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

အာဏာသိမ်း စစ်တပ်က စဉ့်ကူးမြို့ပေါ် ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မောင်းကိုအတည်ပြုပြောကြားပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် ဆိုင်ကယ် ခိုးသူ ၂ ဦးကို မြို့နယ် ပလဖ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဆိုင်ကယ်ခိုးသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။