ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်စပ်ဂိတ်အနီးမှာ မြန်မာကိုယ်ဝန်အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးဖွားခဲ့တယ်လို့ Maesai Police Station မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၅ ရက် မနေ့နံနက်ပိုင်းက မယ်ဆိုင်ဂိတ်အနီး DIY စတိုးဆိုင်အနီးတစ်ဝိုက်မှာ အကူအညီ တောင်းခံမှုတွေရှိလာတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ မြန်မာအမျိုးသမီး တစ်ဦး ကလေး မွေးဖွားဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့အတွက် အရေးပေါ်ယာဉ်ခေါ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အရေးပေါ်ယာဉ်စောင့်ဆိုင်းနေစဉ်အတွင်းမှာပဲ ကလေးကို မွေးဖွားခဲ့ပြီး ကလေးဟာ ယောကျ်ားလေးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မိခင်နဲ့ ကလေးကို မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ၂ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်မှုရှိတယ်လို့ Maesai Police Stationမှ ထုတ်ပြန်ထားပါတယ်။

Video-สถานีตำรวจภูธรแม่สาย

0 Shares:
You May Also Like
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီအတွက် လေယာဥ်ဆီနဲ့ စက်ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၆ ခုကို UK အစိုးရ ပိတ်ဆို့အရေးယူမယ်

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဥ်လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ ၆ခုကို UK အစိုးရက ပိတ်ဆို့အရေးယူသွားဖို့ရှိတယ်လို့ ဗြိတိသျှသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်ကို တကိုယ်‌တော်ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ပြန်လည်လွတ်မြောက်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC ဘင်းမ်စတက် အစည်းအဝေးကျင်းပနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ထိုင်းတက္ကသိုလ် ပထနှစ်ကျောင်းသား ပွန်(အမည်လွှဲ) ဟာ ဒီနေ့ည ၇ နာရီကျော်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။