စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုလာတာများပြားလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာနဲ့ ကာကွယ်ဖို့နည်းလမ်းတွေအတွက် နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ပြောလိုက်ပါတယ်။
ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပါ။

ဒီကနေ့ စစ်ပွဲတွေမှာ နည်းပညာမြင့်မားတိုးတက်လာတာနဲ့အတူ ဒရုန်းအသုံးပြုတဲ့နယ်ပယ်မှာလည်း ကျယ်ပြန့်လာတဲ့အတွက် ဒရုန်းနဲ့ တန်ပြန်ဒရုန်းနည်းဗျူဟာတွေ၊ ကာကွယ်ဖို့နည်းလမ်းတွေကို ကောင်းကောင်းသိနားလည်ပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့နဲ့ နည်းပညာပိုင်းမှာလည်း မျက်ခြည်မပြတ်စေဘဲ စဉ်ဆက်မပြတ် တိုးတက် စေရေး လုပ်ဆောင်ဖို့ လိုတယ်လို့ မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ပွဲတွေမှာ ဉာဏ်ရည်တုနည်းပညာ (AI) စနစ်ကို အသုံးပြုပြီး အချိန်နဲ့တစ်ပြေးညီ သတင်းအချက် အလက် စုဆောင်းနိုင်ရင် ရန်သူရဲ့ လှုပ်ရှားမှုကို ထိထိရောက်ရောက် ထောက်လှမ်းနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီအတွက် စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနဲ့ အီလက်ထရောနစ်နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းတွေ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတွေက စစ်ပွဲရဲ့အနိုင်အရှုံးကို အဓိကအဆုံးအဖြတ် ပေးလာတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်တက္ကသိုလ် အပါတ်စဥ် ၆၇ သင်တန်းဆင်းပွဲအပြီး မကြာမီကျင်းပခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ဒီလိုသင်တန်းဆင်းပွဲတွေမှာ သူထင်ရာမြင်ရာတွေကို ခပ်တည်တည်ပြောကြားလေ့ရှိပါတယ်။

စစ်တက္ကသိုလ် အပါတ်စဥ် ၆၇ သင်တန်းဆင်းပွဲမှာလည်း “ဒီမိုကရေစီ နောက်ပြန်ဆွဲနေရခြင်းသည် လက်နက်ကိုင်ကြခြင်းကြောင့် ဖြစ်တယ်” လို့ ရွေးကောက်ခံပြည်သူ့အစိုးရကို လက်နက်အားကိုးနဲ့ အဓမ္မအာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါသေးတယ်။

“ဒီလို လက်နက်ကိုင်လမ်းစဥ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ အထိ မည်သည့် ရလာဒ်မျှ မထွက်လာတာကို သင်္ခန်းစာ ယူဖို့ လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဥ်ကြောင့်ဆိုတာ အမှန်အတိုင်း ရှုမြင်ကြဖို့ အချိန်ကျနေပြီ ဖြစ်တယ်” လို့ စစ်ခေါင်းဆောင်က ခပ်တည်တည်ပြောကြားခဲ့တာပါ။

ဒီလိုသင်တန်းဆင်းပွဲတွေကြောင့် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်နဲ့ မန္တလေးမြို့တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး၊ အဆိုပါမြို့တွေမှာ စစ်သားအပြည့်နဲ့ လုံခြုံရေးအလွန်တင်းကြပ်‌နေချိန်မှာပဲ လူအလွန်စည်ကားတဲ့ မန္တလေးမြို့လည် စျေးချိုမှာ ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့ဦးဆောင်တဲ့ လူထုသပိတ်ခေါင်းဆောင်‌တွေက စစ်အာဏာရှင်စနစ်ကျရှုံးရေး နဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တို့ကို လက်ကမ်းစာစောင်များ ဖြန့်ကြဲကာ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်သို့ လာရောက်မည်ဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဧပြီလထဲမှာ လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ မှ ရဲဘော်များ၏ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

ဝက်လက်တွင် စစ်အုပ်စု စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။