တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

မြတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို စနစ်တကျ အကောင်အထည်ဖော် ကူညီဆောင်ရွက်နေသူဖြစ်တဲ့ စစ်တပ်မိတ်ဖက် တစညပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကြည်သန်း (၆၄နှစ်) ကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းစဉ်မှာ လက်နက်လုယူပြီး ပြန်လည် ပစ်ခတ်ဖို့ ကြိုးစားလာတာကြောင့် ခုခံကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုထားပါတယ်။

“ရှင်းလင်းဖို့ မဟုတ်ပဲ ဖမ်းဆီးထိန်းသိမ်းပြီး ဥပဒေနဲ့အညီ အရေးယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် လက်နက်လုပြီး ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရပါတယ်” လို့ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းတွေကို ထောက်ပံ့ကူညီနေသူတဲ့ ကျောက္ကာကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူရဲ့ လက်ထောက်ဖြစ်သူ မချိုကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မချိုကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းရဲ့ တာဝန်ရှိသူက “အရေးယူမှုကိုတော့ ပအဖက ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်၊ အရေးယူဆောင်ရွက်ပြီး အခြေအနေကိုလည်း ထပ်မံအသိပေးပါမယ်” လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးဖြစ်စဉ်အတွင်း အရပ်သားပြည်သူဖြစ်တဲ့ ဦးဝင်းကြိုင်ရဲ့ လက်သန်းကို ကျည်ထိမှန်၊ ဒဏ်ရာရရှိခဲ့မှုအပေါ် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အခုလို မတော်တဆထိခိုက်မှု ဖြစ်ပေါ်ခဲ့တဲ့အပေါ်မှာလည်း ကာယကံရှင်နဲ့ မိသားစုတွေကို လေးနက်စွာတောင်းပန်ကြောင်းနဲ့ နောင်မှာလည်း ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရန် အထူးဂရုပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းဆီ အခုတစ်ပတ်အတွင်း စစ်​ကောင်စီတပ်သား ၂ ယောက်က လက်နက်နဲ့ အလင်းဝင်​ရောက်လာခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိကြောင်း KNU ထုတ်ပြန်

သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲနှင့် သီပေါတွင် စစ်တပ် သတင်းပေး ၁၀ ဦးကျော် ဖမ်းဆီးရမိခဲ့ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ သီပေါမြို့တို့မှာ သတင်းရယူဖို့ အကြမ်းဖက်စစ်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ၁၀ ယောက်ကျော်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်ချိန် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။