မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရွေးကောက်ပွဲ အတုအတွက် မဲစာရင်းစစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ယောက်ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ ဒီဇင်ဘာလ၄ရက်နေ့က စလင်းမြို့နယ်လမ်းပိုင်းတစ်နေရာမှာ မဲစာရင်းစစ်ဆေးပြီး ပြန်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ကား၂စီးကို ဒေါင်းစစ်အောင် LPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရတာပါ။

“သူတို့ကရွာတွေမှာ မဲစာရင်းတွေစစ်ပြီးလာတာ၊ အင်အား ၈၀ လောက်ကို ကားက၂စီးနဲ့ပါ။ မိုင်းဆွဲပြီး ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်” လို့ ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ဗိုလ်ဆိုသူ နေရာတင် သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရသူ ၃ယောက်ရှိခဲ့ပြီး၊ လက်ရှိ ဆေးရုံမှာ အရေးပေါ်ကုသနေရကြောင်း သိရပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ စစ်ဗိုလ်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ မရှိတာကြောင့် တိတ်တဆိတ်ပဲ သဂြိုလ်လိုက်ရကြောင်း ကိုထူးလေးကပြောပါတယ်။

စလင်းမြို့နယ်ဟာ စစ်အုပ်စုရဲ့အတုအယောင် ရွေးကောက်ပွဲလုပ်ဆောင်မယ့် မင်းဘူးခရိုင်တွင်း မြို့နယ်တွေထဲကတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေထဲ သံချပ်ကာကားတွေနဲ့ လှည့်လည်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာအပါအဝင် စစ်ကြောင်းထိုးတာတွေကို အတော်လေး လုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် ပျူစောထီးအားကောင်းရာကျေးရွာတွေထဲ စစ်တပ်အင်အားများလည်း ဖြည့်တင်းထားပြီး၊ လက်နက်ကြီးအထိုင်ချ တပ်စွဲတာတွေပါ ရှိနေကြောင်း ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပုံစာ- မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား တွေ့ရစဥ်
ပုံ-ဒေါင်းစစ်အောင် LPDF

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ လမ်းပိုင်း ကင်းယူဖို့လာတဲ့ စစ်အုပ်စုကို ပစ်ခတ်ရာ ၄ ယောက် သေ၊ သေနတ် ၅ လက်ရရှိ၊ စစ်တပ်က ဗုံးကြဲ မီးရှို့လို့ ပြည်သူ (၃) ယောက် သေဆုံး၊ နေအိမ် ၃၇ လုံး မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းမှာ ကင်းယူဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ပင်သာရွာက ဒေသခံ ၃ယောက် လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီး ၁ ယောက် သေဆုံး

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ညောင်ပင်သာရွာက လယ်သမား ၃ယောက် လယ်ကွင်းထဲအသွားမှာ မိုးကြိုးပစ်ခံရတာကြောင့် အမျိုးသားတစ်ယောက် သေဆုံးပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
Read More

စလင်းမြို့အနီး မြို့နယ် ပကဖ က စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။