မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း The Red Revolters အဖွဲ့ခေါင်းဆောင် ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း စစ်အုပ်စုဘက်က ပစ်ခတ်လိုက်တဲ့ EY သီးမကွဲတဲ့အတွက် The Red Revolters အဖွဲ့ခေါင်းဆောင် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းက ပြန်လည်ကောက်ယူပြီး စမ်းကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ရှေ့တန်းတစ်နေရာမှာ ရန်သူပစ်လိုက်တဲ့ EY သီးက မကွဲရာကနေ ကောက်ပြီးပြန်စမ်းတဲ့နေရာမှ ကျသွားတာပါ။ တိုက်ပွဲအပြီး အနားယူတဲ့အချိန် ရန်သူ့ဆီက ရတဲ့ပစ္စည်းတွေကို ရှင်းလင်းရင်း ကျသွားတာပါ” လို့ The Red Revolters အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

EY သီး ဆိုတာဟာ သေနတ်ထိပ်မှာ တပ်ပြီးပစ်ရတဲ့ အီနာဂါသီး အမျိုးအစားတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ကျဆုံးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် The Red Revolters အဖွဲ့ခေါင်းဆောင် ရဲဘော် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းကို နိုဝင်ဘာ ၂၈ ရက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ထိတာတော့ လည်ပင်းကတော့ ဆိုးတယ်။ မျက်နှာထဲရော အစတွေ ဝင်သွားတယ်။ ညာဘက်မျက်လုံးရော ထိသွားပါတယ်။ တကယ်အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားတော့ နစ်နာမှု အများကြီးရှိတာပေါ့။ သူ့လိုလူက နောက်တစ်ယောက် ထပ်မရနိုင်တော့ဘူး” လို့ တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

The Red Revolters အဖွဲ့ခေါင်းဆောင် ရဲဘော် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းဟာ မကွေးတိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ် ၂ (MOD-PDF) စစ်ကြောင်း ၂၊ တပ်ခွဲ ၂ မှာ ဒုတပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ပခုက္ကူခရိုင် စစ်ဌာန၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်စု ၃ မှာလည်း တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖလန်းကျင်းရွာအနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ကာ ကလေးငယ်အပါ ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်းကျင်းရွာအနီးမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။
Read More

မောင်တောတွင် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်၊ အပြစ်မဲ့ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ ယူဆောင်သွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

ရေလည်မော်ရွာ ဆိပ်ကမ်းကို စစ်ကောင်စီဗုံးကြဲလို့ အမျိုးသား ၁ဦးသေဆုံး၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှ့ခြမ်းက ရေလည်မော်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေလည်း ထိခိုက်ထားကြောင်း သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဆင်စွယ်၊ တောင်သုံးလုံးစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆင်စွယ်တပ်စခန်းနဲ့ တောင်သုံးလုံးတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ (၇)ရက်နဲ့ (၁၁) ရက်တွေမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။