အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်တဲ့ လေကြောင်းသရုပ်ပြပွဲမှာ F-16 တိုက်လေယာဉ် ၁ စီး ပျက်ကျခဲ့ပါတယ်။

လေယာဉ်မှူးဟာ အချိန်မီခုန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ကာ အခြေအနေ တည်တည်ငြိမ်ငြိမ်နဲ့ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထုတ်ပြန်ထားပါတယ်။

တိုက်လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းကုန်းကို 81 MM လက်နက်ကြီးနဲ့ ချေမှုန်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကုန်းကို CDF-Mindat နဲ့ မဟာမိတ်တပ်တွေက 81 MM လက်နက်ကြီးနဲ့ ပစ်ခတ်ချေမှုန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ညပိုင်းမှာ CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန)က နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင် (ရုပ်/သံ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင်မြို့နယ် ခေါင်းဆေးကျွန်း ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်ကား ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ မီးသတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့မရဲစခန်းအတွင်းကို Fixed Wings Drone နဲ့ ဗုံးသီး တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ဗန်းမောက်မြို့ ဌာနဆိုင်ရာရုံးနှင့် အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ SNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကုက္ကိုစုနှင့် အုပ်ကျင်းရွာကို စစ်ကောင်စီတပ် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကုက္ကိုစုနဲ့ အုပ်ကျင်းရွာကို မတ်လ ၆ ရက်ညပိုင်မှာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စက်တပ်လေထီးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။