မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) ဟာ မန္တလေးဒေသ ပြင်ဦးလွင်ခရိုင်အတွင်းက စစ်ဘက်ရေးရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MIGC က မနေ့က ဒီဇင်ဘာ ၄ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလို တွေ့ဆုံစဥ် MIGC က ပြင်ဦးလွင်ခရိုင် စစ်ဌာနအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် ကျပ်သိန်း ၄၀၀ တိတိ ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့တုန်းကလည်း မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ မန္တလေးဒေသအတွင်းက ပညာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

မန္တလေးဒေသ လွတ်မြောက်နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စနစ်တကျ လည်ပတ်နိုင်ဖို့အတွက် မန္တလေးဒေသ လွတ်တော်ရဲ့ အတည်ပြုချက်နဲ့အတူ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီကို နိုဝင်ဘာ ၂၈ ရက်မှာ ဌာနကြီး ၇ခုနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို အားပေးကူညီ ဝင်ပြိုင်ကြသည့် NLD ပါတီဝင် အယောက် ၂၀ ကို ပါတီမှ ထုတ်ပယ်

အကြမ်းဖက်စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအတုမှာ ပါဝင်ကူညီနေကြတဲ့ NLD ပါတီဝင် အယောက် ၂၀ ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တရုတ်ရဲ့ စေခိုင်းမှုကြောင့် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုဖြင့် အရာရှိ ၄ဦးကို စစ်ကောင်စီ ဖမ်းဆီးထား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ခံရမှု ၇ လခန့်သာ ရှိသေးသည့် ဗိုလ်ချုပ် မြင့်ကျော်ထွန်းလည်း ပါဝင်

ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဟုဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် အရာရှိ ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရခိုင်လမ်းပိုင်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အထက်မင်းလှမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၀ ယောက်သေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေအပါဝင် ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ပိတ်ဆို့ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက် မင်းလှမြို့နယ်မှာ ၂ ရက်ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။