မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။

အင်အားများလှတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက် နည်းနည်းနဲ့ ရန်သူများများကျဆုံးစေတဲ့ နည်းဗျူဟာအသုံးပြုပြီး ခုခံတိုက်ခိုက်ကာကွယ်လျက်ရှိရာ အကြမ်းဖက်စစ်သားအများအပြားသေဆုံးမှုရှိပေမယ့် အင်အားများလွန်တဲ့အတွက် စိုးမိုးနယ်မြေတွေကို ခေတ္တလက်လွှတ်ရမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

မြေပြင်မှာ မိုင်းကြောင့် အကြမ်းဖက်စစ်သားအများအပြားကို သေဆုံးစေခဲ့တယ်လို့လည်း မတ္တရာမြို့နယ် ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။
Video-ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်
0 Shares:
You May Also Like
Read More

အုတ်တွင်းမြို့နယ်အတွင်း စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၇ ဦးကျော် ဒဏ်ရာရကာ နေအိမ် ၇ လုံး မီးလောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မတ်လ ၂၂ နဲ့ ၂၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့ ရှေ့တန်းမှ ပြန်လာသည့် CDF Matupi ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရှေ့တန်းမှ ပြန်လာတဲ့ CDF Matupi ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောက စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသက စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်း ပွိုင့် (၉၁၃) နို့ဒေးစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။