ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ရက် မနေ့ နေ့လယ် ၃နာရီကျော်လောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စက်တပ်လေထီး ၃စီးဟာ ငုတ်တိုရွာနဲ့ ကံစုရွာတွေထဲကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကံစုရွာက ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်သားတွေဟာ နတ်တလင်းမြို့နယ် ငုတ်တိုရွာထဲကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲမှာ လေဖြတ်ထားတဲ့အပြင် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို အင်္ကျီပြောက်ကျားဝတ်ဆင်ထားမှုနဲ့ သတ်ဖြတ်သွားပါသေးတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ်၏ စက်တပ်လေထီး (ပုံဟောင်း)

အဆိုပါ စစ်သားတွေ သတ်ဖြတ်ထားတဲ့ နောက်ထပ် ပြည်သူတွေရှိနေတယ်လို့ သတင်းတွေကြားရပေမယ့် လက်ရှိအချိန်ထိ စစ်အုပ်စုဟာ ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့အတွက် နောက်ထပ်သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးဘူး ဖြစ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးသူ ၃၁၄ ယောက်အထိရှိပြီး အဲဒီထဲက ၂၂၅ ယောက်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ရေးဟာ BIMSTEC အစည်းအဝေး တက်ဖို့နှင့် နိုင်ငံတကာ ထောက်ခံမှုရဖို့ ဟန်ပြကြေညာချက်သာ ဖြစ်သည်ဟု KNU ပြော

ရက် (၂၀) ကြာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း  လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ခဲ့သည့် LDF ၈ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဒိုက်ဦးထောင် အကျဥ်းသားများထားရာ နေရာဟောင်းတွင် နိုင်ငံရေးအကျဉ်းသူအချို့ တိုက်ပိတ်ခံထားရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတချို့ကို အမျိုးသမီးဆောင်မှာ လူပြည့်နေတယ်ဆိုပြီး  ထောင်အာဏာပိုင်တွေက အမျိုးသားအဆောင် (၄) နဲ့ စားဖိုဆောင်ကြားမှာရှိတဲ့ ယခင် အမျိုးသားအဆောင်နေရာဟောင်းမှာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

မင်းကွန်းမှာ စစ်ကောင်စီတပ် ဘန်ကာလုပ် တပ်စွဲခဲ့သည့် မြသိန်းတန်ဘုရားအပါဝင် ဘာသာရေးအဆောက်အအုံများစွာ ငလျင်ကြောင့် ထိခိုက်ပျက်စီး

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ မင်းကွန်း မြသိန်းတန်ဘုရားအပါအဝင် မင်းကွန်းဒေသအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ တော်​တော်များများ ပြိုကျပျက်ဆီးခဲ့သလို အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။
Read More

အင်းစိန် မြို့သစ် (ဂ) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျား၂ ဖွဲ့ လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲရောင်းစားနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ မြို့သစ်(ဂ)ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။