မန္တလေးမြို့လယ်၊ စျေးချိုအတွင်း ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ ဆန္ဒပြခဲ့တဲ့အပေါ် မကျေနပ်တဲ့ စစ်အုပ်စုက ဆန္ဒပြတဲ့ ပတ်ဝန်းကျင်နေရာက စျေးဆိုင်တွေကို အင်အားသုံးဖျက်ဆီးခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ အပါအဝင် သပိတ်အတွက် နှိုးဆော်တာတွေလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာလ ၃ရက်နေ့ ဆန္ဒဖော်ထုတ်မှုအပြီးမှာ စစ်အုပ်စုက အခုလို လုပ်ဆောင်ခဲ့တာပါ။

ဆန္ဒပြမှုဖြစ်ပွားပြီး နောက်တစ်နေ့မှာပဲ စစ်အုပ်စုက အခင်းဖြစ်ရာ ၈၄လမ်း ၈၅လမ်း ၂၉လမ်းပေါ်မှာရှိတဲ့ စျေးဆိုင်တွေ၊ စျေးသည်တွေကို အင်အားသုံးဖယ်ရှားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မြို့တွင်း ရပ်ကွက်တွေမှာ ရွေးကောက်ပွဲအတု မဲပေးဖို့အတွက် လက်ကမ်းစာစောင် ဝေခိုင်းတာတွေရှိနေသလို ကြံ့ခိုင်ရေးပါတီကလည်း အင်အားသုံး စည်းရုံးဟောပြောမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။

“ဈေးဆိုင်ခန်းတွေဆိုတာထက် အိမ်ရှင်က ပုံမှန် ငှားထားတဲ့ ဧရိယာထက် အရှေ့မှာ ငါးပေလောက်ကျူးပြီး အမိုးလုပ်ထား ခင်းထားတာတွေ ဖျက်ခိုင်းတာပါ။ အဲ့ဒါကိုမှ ကိုတေဇာဆန်းနဲ့ တော်လှန်လူငယ်တွေကြောင့် ဖျက်ရသလိုဖြစ်အောင် ၂၉ လမ်း ၈၄/၈၆ ကြားထဲကိုပဲ ကွက်လုပ်သွားတာ၊ တကယ်ဆို ၂၈/၂၉/၃၀ ကနေ ၃၅ ထိ အဲ့ဒီလိုတွေချည်းပဲ ခင်းထားတာ ဆိုင်တိုင်းနီးပါးပါပဲ။ စျေးသည်တွေကတော့ သူတို့အချိုးသိလို့ ရယ်ပဲရယ်နေကြတယ်။ တချို့ပျံကျစျေးသည်တွေကိုလည်း ပေးမထွက်ခိုင်းဘူး။” လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဇင်ဘာလ ၃ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်၊ စျေးချိုမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ သပိတ်အဖွဲ့ဝင်တွေက ❝ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့❞ ဆိုပြီး လက်ကမ်းစာစောင်တွေကြဲချကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါက်တာတေဇာဆန်းနဲ့အတူ ကိုနန်းလင်း(ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)နဲ့ မြို့နေလူထုလည်း ပါဝင်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့်အသံတိတ်သပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းသွားခဲ့ပါတယ်။

ဒေါက်တာတေဆန်းရဲ့ ဆန္ဒပြမှုမတိုင်ခင်က မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လမ်းကြောင်းအတွက် ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေအပါအဝင် လက်ပက်နီစွမ်းအားရှင်တွေပါ မြို့အနှံ့ လုံခြုံရေးယူခဲ့ကြောင်း သိရပါတယ်။

ဒီလိုမျိုး လုံခြုံရေးယူထားတဲ့ကြားက ဆန္ဒပြပွဲဖြစ်သွားတဲ့အပေါ် စစ်အုပ်စုက ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်ဖို့ အသည်းအသန်လိုက်ရှာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပုံစာ – စစ်အုပ်စုနှင့်အပေါင်းအပါများက စျေးဆိုင်ခန်းများကို ဖျက်ဆီးနေစဥ်
0 Shares:
You May Also Like
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

မကွေးအကျဉ်းထောင်အတွင်း အခြေအနေတင်းမာမှုများကြား နိုင်ကျဉ်း ၂ဦး အနည်းဆုံးသေဆုံးပြီး အများအပြားထိခိုက်ခဲ့၊ အကျဉ်းထောင် တိုက်ခိုက်ခံရမှုအတွက် နိုင်ကျဉ်းများကို စစ်ဆေးနေ

မကွေးအကျဥ်းထောင် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့အတူ ထောင်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေမှာ နိုင်ငံရေးအကျဥ်းသားတွေ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင်တွင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။