လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တာကြောင့် အဲဒီနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

“Our Voice, Our Fight, Our Rights” ဆိုတဲ့ ဒီနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ရဲ့ ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ့်အခွင့်အရေးအတွက် အသံတွေတိတ်ကာ ဟစ်ကြွေးကြမယ်လို့ ဆိုပါတယ်။

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။

အသံတိတ်သပိတ် ပြုလုပ်မယ့်အချိန်ကိုတော့ ရုံးတက်ရုံးဆင်း၊ ဈေးသွားဈေးလာ အချိန်တွေနဲ့ လွတ်အောင် မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းတို့အဖွဲ့ မန္တလေးမြို့ ဈေးချိုအနီးမှာ ဆန္ဒပြခဲ့ချိန်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်မှာ ပါဝင်ပေးကြဖို့ နှိုးဆော်သွားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ကနေ အပိုင်း ၃ပိုင်းနဲ့ ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲဟာ ဒီဇင်ဘာလထဲမှာ စတင်တော့မှာဖြစ်ပြီး ရွေးကောက်ပွဲအတု နီးကပ်လာတာနဲ့အမျှ ပြည်သူတွေရဲ့ ထောက်ခံမှုရရှိနေသယောင် စစ်အုပ်စုက နိုင်ငံတကာမှာ အတုအယောင် ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း ပြည်သူတွေကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ရွေးကောက်ပွဲအထမြောက်ဖို့ ကြိုးစားနေတယ်လို့ GSCB က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ တပ်မှ စစ်ကြောင်းဝင်၊ ဒရုန်းဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ ပျားကျေးရွာကို ဝင်ရောက်ရင်း ကျေးရွာပတ်ပတ်လည်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

သေနတ်ယူဆောင် အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးအား ဆုကြေးငွေပေးပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။