ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေး ရေချိန် အမြင့်ဆုံးကာလဖြစ်တာနဲ့အညီ စစ်အာဏာရှင်ကို တစုတစည်းတည်း စုပေါင်းညီညွတ်စွာ တွန်းလှန်တိုက်ထုတ်ရမယ့် အချိန်အခါဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကြား အချင်းချင်း သွေးခွဲစေဖို့၊ အင်အားယုတ်လျော့စေဖို့၊ ပြည်သူတွေအထင်အမြင်လွဲမှားစေဖို့ ကြံစည်ဆောင်ရွက်နေမှုတွေ ရှိတာကြောင့် အခုလို ညွှန်ကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့အတွက် ကွပ်ကဲမှုအဆင့်ဆင့်ကို စံပြုတည်မြဲအမိန့်နဲ့အညီ ဖွဲ့စည်းဆောင်ရွက်ကာ စစ်သည်တော်ကျင့်ဝတ်တွေကို အလေးထားလိုက်နာဆောင်ရွက်ကြရေး ကြီးကြပ်ဆောင်ရွက်ဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာမရှိတဲ့ အဖွဲ့တွေကို လက်ခံထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မလုပ်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ပဲခူးတိုင်းစစ်ဌာန နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ အကြမ်းဖက် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

NUG အစိုးရက တစ်ပတ်တိုးချဲ့ထားတဲ့ ထိုးစစ်ရပ်စဲရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်များ ဖျက်ဆီး 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း - အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။