မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း The Red Revolters အဖွဲ့ခေါင်းဆောင် ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း စစ်အုပ်စုဘက်က ပစ်ခတ်လိုက်တဲ့ EY သီးမကွဲတဲ့အတွက် The Red Revolters အဖွဲ့ခေါင်းဆောင် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းက ပြန်လည်ကောက်ယူပြီး စမ်းကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ရှေ့တန်းတစ်နေရာမှာ ရန်သူပစ်လိုက်တဲ့ EY သီးက မကွဲရာကနေ ကောက်ပြီးပြန်စမ်းတဲ့နေရာမှ ကျသွားတာပါ။ တိုက်ပွဲအပြီး အနားယူတဲ့အချိန် ရန်သူ့ဆီက ရတဲ့ပစ္စည်းတွေကို ရှင်းလင်းရင်း ကျသွားတာပါ” လို့ The Red Revolters အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

EY သီး ဆိုတာဟာ သေနတ်ထိပ်မှာ တပ်ပြီးပစ်ရတဲ့ အီနာဂါသီး အမျိုးအစားတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ကျဆုံးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် The Red Revolters အဖွဲ့ခေါင်းဆောင် ရဲဘော် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းကို နိုဝင်ဘာ ၂၈ ရက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“ထိတာတော့ လည်ပင်းကတော့ ဆိုးတယ်။ မျက်နှာထဲရော အစတွေ ဝင်သွားတယ်။ ညာဘက်မျက်လုံးရော ထိသွားပါတယ်။ တကယ်အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားတော့ နစ်နာမှု အများကြီးရှိတာပေါ့။ သူ့လိုလူက နောက်တစ်ယောက် ထပ်မရနိုင်တော့ဘူး” လို့ တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

The Red Revolters အဖွဲ့ခေါင်းဆောင် ရဲဘော် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းဟာ မကွေးတိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ် ၂ (MOD-PDF) စစ်ကြောင်း ၂၊ တပ်ခွဲ ၂ မှာ ဒုတပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ပခုက္ကူခရိုင် စစ်ဌာန၊ တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်စု ၃ မှာလည်း တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီဒေသထဲ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ် ကိုင်ဆောင်ရမည်

ကရင်နီဒေသထဲမှာ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ်ရှိဖို့ လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က အရပ်သားများကို ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေချိန် ဘေးကင်းလုံခြုံသည့် ဆေးရုံဆေးခန်းများ လိုအပ်နေပြီဟု ဦးမင်းကိုနိုင် ပြောကြား…

အကြမ်းဖက်စစ်တပ်က ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းစိုင်းစွာနဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေအပါအဝင် လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေချိန်မှာ ဘေးကင်းလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူမှုကို သံဃာတွေ မပူးပေါင်းကြဖို့နဲ့ ကန့်ကွက်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) ဆရာတော်တွေ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ သံဃာတော်တွေအနေနဲ့ မပူးပေါင်းကြဖို့ မန္တလေးမြို့ သံဃသမဂ္ဂ ဆရာတော်တွေက တိုက်တွန်းလိုက်ပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။