မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပျောက်ကြားတိုက် ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပျောက်ကြားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ်အစပ်တွင် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ညောင်ဂျစ်ပင်ပျူစခန်းအနီး အကြမ်းဖက်စစ်တပ်ကားတစ်စီးကို မိုင်းဆွဲခဲ့ရာ ကားပေါ်မှာ ဖမ်းဆီးခံထားရတဲ့ ကမ္မမြို့ခံ အမှတ် ၃ ရပ်ကွက်နေ ပြည်သူ ၂ ဦး လွတ်မြောက်ခဲ့ပြီး တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါ တယ်။

ဒီဇင်ဘာ ၄ ရက်ကလည်း ကန်တော်ရွာအနီးတွင် တပ်မ၉၉ လက်အောက်ခံစစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကမ္မတပ်ပေါင်းစု အပါအဝင် MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဒေသတွင်းတပ်ပေါင်းစုများ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်း၊ ပခုက္ကူခရိုင်စစ်ကြောင်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြားသေဆုံး၊ လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ သ်ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို အရပ်သားပြည်သူများ အန္တရာယ်ကင်းစေဖို့ ဖယ်ရှားပေး (ရုပ်/သံ)

ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးကို ဖယ်ရှားပေးခဲ့တယ်လို့ KNDF B - 05 မှ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် မြို့မရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ Dawei District People’s Defence Frontier က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမ်းက ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho လိုက်လံဖမ်းဆီးရာ ၅ ယောက်သေ၊ ၁၂ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်သေကာ ၁၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
Read More

ခင်ဦးမြို့နယ် ယာဥ်ကြောပိတ်ဆို့နေသည့်လမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ ကားများနှင့် ဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းအထက်နှင့် လက်နက် ၁၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေပြီး လက်နက် ၁၈ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။