မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သားအလောင်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၂ယောက်ကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ အစပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ မိတ္ထီလာ တပ်မ (၉၉) လက်အောက်ခံ ခမရ(၄၁၇)၊ (၄၁၈)နဲ့ (၄၁၉) တပ်ရင်းတွေပါဝင်ပြီး တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်အထိ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အရပ်သားတွေ ဖမ်းဆီးတင်ဆောင်လာတဲ့ အကြမ်းဖက်စစ်အုပ်စု ဖောကား၁စီးကိုလည်း ညောင်ဂျစ်ပင်ရွာ ပျူစခန်းအနီးမှာ မြိုင်ပကဖနဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။
“ညောင်ဂျစ်ပင်ကနေ ကန်တော်ဘက် ထွက်လာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိတွေ့မှုတွေကတော့ ၄ကြိမ်ရှိပါတယ်” လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြားထိခိုက်ပြီး ကားပေါ်ပါလာတဲ့ ကမ္မမြို့ခံ အရပ်သား ၂ယောက်ကိုလည်း တော်လှန်ရေးတပ်တွေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၄ရက် မနေ့ကလည်း အဲ့ဒီ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းကို ကန်တော်ရွာအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား အလောင်း (၁)လောင်းနဲ့ ခဲယမ်းတချို့ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ကမ္မတပ်ပေါင်းစုနဲ့အတူ MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဒေသတွင်းတပ်ပေါင်းစုတွေ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်းတွေနဲ့ ပခုက္ကူခရိုင်စစ်ကြောင်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုံစာ – တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် ခဲယမ်းများနှင့် စစ်သားအလောင်းအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

နမခကို ပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၁ယောက် အပါအဝင် အများအပြားသေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကနေ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဆီ ဓားစာခံတွေနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ ဒုတပ်ကြပ် ၁ယောက် အပါအဝင် အများအပြားထိခိုက်သေဆုံးကြောင်း Ba Thu Kyawal Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြင်းခြံမှာ စစ်တပ်နဲ့ MBT ၃ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေ၊ အထိနာတဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးသီးအလုံး ၁၀၀ကျော် ကြဲချပြီး ရွာ​​​တွေကို စစ်ကြောင်းဝင် မီးရှို့လူသတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီဘက်က  ၁၅ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရခဲ့သလို ဒရုန်းတွေကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ထားဝယ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။