ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က “Operation Thunderbolt” စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ Jammer စက်တွေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“Research ကို လွန်ခဲ့တဲ့ သုံးနှစ်ကျော်က လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က Anti jamming drone အတွက် အဆင်သင့်ဖြစ်တယ်။ ရံပုံငွေအတွက် ကိုယ်ထူကိုယ်ထရုန်းကန်ရတော့ အချိန် တနှစ်နီးပါးကြာသွားတယ်” လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ်က အထိနာပြီး MI-35 ရဟက်ယာဉ်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် မြေပြင်ရဲဘော်တွေ ဘေးလွတ်ကင်းရာ ရောက်တဲ့အထိ စောင့်ဆိုင်းပြီးမှသာ သတင်းထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“Operation Thunderbolt” စစ်ဆင်ရေးဟာ ဝရဇိန်တပ်ဖွဲ့က ဦးဆောင်ပြီး မြေပြင်တိုက်ခိုက်ရေး မဟာမိတ်အဖြစ် “သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ” နှင့်အတူ ပူပေါင်းကာ အဆင့်မြင့်နည်းပညာတွေနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ် တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

သိမ်းပိုက်ထားတဲ့ နယ်မြေများမှ ပြန်လည်ဆုတ်ခွါပေးရေးကို ငြင်းပယ်ကြောင်း TNLA ကြေညာခဲ့အပြီး နောက်တစ်နေ့ မိုးကုတ်ကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်…

မန္တလေးတိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ရဲ့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ဒေသခံ (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြား ကျေးရွာများမှ မီးဘေးသင့်စစ်ရှောင်ပြည်သူများကို အရေးပေါ် ဆန်၊ ဆီ၊ စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ ထောက်ပံ့ကူညီပေး

မကွေးတိုင်း၊ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာတွေက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပပြည်သူတွေရဲ့ ထောက်ပို့ငွေတွေထဲကနေ အရေးပေါ် ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။