ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၄ရက် မနေ့ နေ့လယ် ၃နာရီကျော်လောက်မှာ သဲကုန်းမြို့ကနေ တက်လာတဲ့ စက်တပ်လေထီး ၃စီးဟာ ငုတ်တိုရွာနဲ့ ကံစုရွာတွေထဲကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကံစုရွာက ဘုန်းကြီး ၁ပါး ပျံလွန်တော်မူကာ ဒေသခံ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်သားတွေဟာ နတ်တလင်းမြို့နယ် ငုတ်တိုရွာထဲကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲမှာ လေဖြတ်ထားတဲ့အပြင် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို အင်္ကျီပြောက်ကျားဝတ်ဆင်ထားမှုနဲ့ သတ်ဖြတ်သွားပါသေးတယ်။

ပုံစာ – အကြမ်းဖက်စစ်တပ်၏ စက်တပ်လေထီး (ပုံဟောင်း)

အဆိုပါ စစ်သားတွေ သတ်ဖြတ်ထားတဲ့ နောက်ထပ် ပြည်သူတွေရှိနေတယ်လို့ သတင်းတွေကြားရပေမယ့် လက်ရှိအချိန်ထိ စစ်အုပ်စုဟာ ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့အတွက် နောက်ထပ်သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးဘူး ဖြစ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးသူ ၃၁၄ ယောက်အထိရှိပြီး အဲဒီထဲက ၂၂၅ ယောက်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွန်းအားပေးနေသည့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘောထားအပေါ် လေးနက်စွာ ဆန်းစစ်ကြရန် ယာယီသမ္မတ တိုက်တွန်း၊ မည်သည့်စစ်အုပ်ချုပ်ရေးမျိုးနှင့်မဆို တိုင်းပြည် မဖွံ့ဖြိုး၊ ​မတိုးတက်နိုင် ဆိုသည်ကို စစ်ကောင်စီ နားလည်ရန်လိုဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင် ကိုယ့်ကိုယ်ကိုယ် အာဏာပြန်အပ်ကာ ဆက်အုပ်ချုပ်မည်၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ညိုစောကို ခန့်အပ်

ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်လည်အပ်နှံပြီးနောက် ယာယီသမ္မတ (တာဝန်) အဖြစ် မင်းအောင်လှိုင်ကိုပဲ ပြန်လည်ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဟာ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။