တော်လှန်ရေးကာလ အရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းအမျိုးမျိုးနဲ့ တပ်နဲ့ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေနဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ မိခင်တပ်ရင်းထံ ပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ သတ်မှတ်ရက်အတွင်း ပြန်မရောက်ရင် ဖမ်းဆီးအရေးယူခံရနိုင်ချေရှိကြောင်း စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကိုင်းခရိုင် အမှတ်(၃)တပ်ရင်းရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တပ်ရင်း စတင်တည်ထောင်ချိန်ကတည်းကနေ ဒီနေ့အချိန်အထိ အကြောင်းအမျိုးမျိုးနဲ့ တပ်ရင်းကနေ ကင်းကွာနေသူတွေ၊ ခွင့်ယူနေသူတွေ၊ ခွင့်မဲ့ တပ်ပြေးရဲဘော်တွေအနေနဲ့ တပ်ရင်းရှိရာအမြန်ဆုံး ပြန်လာပြီး ပြန်လည် တာဝန်ထမ်းဆောင်ကြဖို့ ဆင့်ခေါ်ထားတာဖြစ်ပါတယ်။

“အရေအတွက်ပြောလို့မရပေမယ့် တပ်ပြေး၊ တပ်ကင်းကွာတွေဆိုတာ ကျနော်တို့မှမဟုတ်ဘူး။ တပ်တိုင်းရှိပါတယ်။ လုပ်ငန်းစဥ်တွေ အတည်မကျသေးတဲ့အချိန်က နားလည်မှုနဲ့ ခွင့်ရှည်ပေးထားတာတွေ ရှိခဲ့ပါတယ်။ ဒါတွေကိုအခုချိန်မှာ အရေးကြီးနေလို့ ပြန်လည်စုဖွဲ့တာပါ။ အခုချိန်မှာ တပ်ရင်းကိုပြန်လည်မွမ်းမံပေါင်းစည်းဖို့ ရဲဘော်ဟောင်းတွေ လိုတယ်။ ဘာလို့ဆို သူတို့အတွက် စိုက်ထုတ်ခဲ့ရတဲ့ ရိက္ခာလက်နက်တွေ စိုက်ထုတ်ထားရတယ်လေ” လို့ စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေးကာလအရေးကြီးချိန် ဖြစ်တာကြောင့် တပ်နဲ့ကင်းကွာနေသူတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ဆုံးထားသတင်းပို့သင့်ကြောင်းနဲ့ မလာရောက်ရင် တပ်ရင်းကထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ အရေးယူခံရနိုင်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၃) တပ်ရင်းက ပြောပါတယ်။

တကယ်လို့ သတ်မှတ်ရက်အတွင်း အသိပေး ဆက်သွယ်လာမယ်ဆိုရင် ပြစ်ဒဏ်လျှော့ပေါ့တာအပါအဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေပါ ရရှိမယ်လို့ သိရပါတယ်။
“ကျနော်တို့ဆီကို ရဲဘော်ဟောင်းတွေ ပြန်လာချင်ကြတာမျိုးရှိတယ်။ ဒါပေမယ့် ပြစ်ဒဏ်ကျခံရမှာ စိုးတယ်ပေါ့။ ဒီအတွက် စာထုတ်ရတာပါ။ ရဲဘော်တွေကို ပြန်ခေါ်ဖို့ မလွယ်လို့တော့ မဟုတ်ပါဘူး။ တချို့တပ်ပြေးရဲဘော်တွေလည်း သူတို့ကို ဆိုး​ဆိုးရွားရွား ကိုင်တွယ်မှာစိုးတယ်။ တပ်ကင်းကွာတွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုပါ့မလား တွေးကြတာပေါ့” လို့ စစ်ကိုင်းခရိုင် အမှတ် -၃ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “တပ်ပြေးရဲဘော်တွေအနေနဲ့လည်း တချို့ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးမယ်။ ဆိုင်းငံ့ပေးတာတွေရှိတယ်။ ပြန်မလာရင်တော့ ကျနော်တို့ PDF က ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ဆက်ပြီးလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

အခုလို တပ်ပြေးရဲဘော်တွေ၊ တပ်ရင်းကင်းကွာနေသူတွေကို တပ်ရင်းဆီ ပြန်လည်ဆင့်ခေါ်မှုဟာ ဒီတဖွဲ့နည်းတင်မဟုတ်ဘဲ တခြားပြင်ဦးလွင်ခရိုင်အတွင်းက တပ်ရင်းတွေလည်း လုပ်​ဆောင်ထားတယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၃)တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်ပြည်နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးချခဲ့လို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ဥကရစ်ထ စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား ၄ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

တောင်ဥက္ကလာပ ၁၄ရပ်ကွက်ရုံးကို ပကဖတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က အမဗတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတွေထိခိုက်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။